ရန်ကုန်တိုင်းဒေသကြီး

ဒဂုံမြို့နယ်တွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ် အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်းရှိ ဒဂုံသူရိန်ခန်းမ၌ ယမန်နေ့နေ့လည်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်ပြပွဲများ ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်တွင် မဲရုံအဖြစ်အသုံးပြုမည့် အဆောက်အအုံများ မီးဘေးလုံခြုံရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ရန်ကုန်းတိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံအဖြစ်အသုံးပြုမည့် စာသင်ကျောင်းများနှင့်အဆောက်အအုံများ မီးဘေးလုံခြုံရေးအတွက် မီးဘေးအသိပညာပေးခြင်းနှင့် လိုက်လံကွင်းဆင်းစစ်ဆေးခြင်းများကို ယမန်နေ့နံနက်ပိုင်းက တာ၀န်ရှိသူများက စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မရမ်းကုန်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မရမ်းကုန်းခရိုင် ပညာရေးမှုးရုံး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လှည်းကူးမြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပ

ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များအား ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ဒီဇင်ဘာလ (၁၈) ရက်နေ့ နံနက်ပိုင်းက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို  ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(အင်းတိုင်)တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း တွံတေးမွေးမြူရေးဇုန် ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများအား ကြည့်ရူစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့ဝင်များသည် ဒီဇင်ဘာ ၁၇ ရက် က တွံတေးမြို့နယ်၊ တွံတေးမွေးမြူရေးဇုန် ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများအား ကွင်းဆင်းကြည့်ရူ စစ်ဆေးသည်။ ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည်  တွံတေးမွေးမြူရေးဇုန် ရှင်းလင်းဆောင်တွင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဇုန်ကော်မတီမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေကို ရှင်းလင်း တင်ပြသည်။

တံတားမြို့တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယနေ့ နံနက် (၁၁) နာရီအချိန်က တံတားမြို့ အမှတ် (၁) ရပ်ကွက်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်၍ နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲကို ကွင်းဆင်းဆောင်ဆောင်ရွက်ခဲ့သည်။

ကော့မှူးတွင်နွေစပါးစံပြ ကွက်စိုက်ပျိုးခြင်း၊မျိုးစေ့ချကိရိယာ Seeder နွေစပါးမျိုးစေ့၊ အနိမ့်တင်ဆိုလာ (၂) ချပ်တွဲရေတင်စက်နှင့် ဓာတ်မြေဩဇာပေးအပ်ပွဲကျင်းပ

၂၀၂၅-၂၀၂၆ ခုနှစ်နွေစပါးစံပြကွက်အား Seeder ဖြင့် စိုက်ပျိုးခြင်း၊ နွေစပါးမျိုးစေ့၊ မျိုးစေ့ချကိရိယာ Drum Seeder အနိမ့်တင်ဆိုလာ (၂) ချပ်တွဲရေတင်စက်နှင့် ဓာတ်မြေဩဇာပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်က ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် မကျီးတန်းရပ်ကွက် တောင်သူနည်းပညာပေးစခန်း၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့နယ်တွင် ဆီးချို၊ သွေးတိုးလူနာများ၊ တီဘီရောဂါရှိသူနှင့် အတူနေမိသားစုဝင်များအား ကျန်းမာရေးစစ်ဆေးကာ လိုအပ်သည့် ဆေးဝါးများပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က ဆီးချို၊ သွေးတိုးလူနာများ၊ တီဘီရောဂါရှိသူနှင့် အတူနေမိသားစုဝင်များအား ကျန်းမာရေးစစ်ဆေးကာ လိုအပ်သည့်ဆေးဝါးများ ပေးအပ်လျက်ရှိကြောင်း သိရှိရသည်။

ဒဂုံမြို့နယ်တွင် ဒီဇင်ဘာအားကစားလ ဒုတိယအပတ်လှုပ်ရှားမှု အားကစားပြိုင်ပွဲများ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်ရှိ အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်း၌ ဒီဇင်ဘာ ၁၃ ရက်နေ့ နံနက်ပိုင်းက ဒီဇင်ဘာအားကစားလ ဒုတိယအပတ်လှုပ်ရှားမှု အားကစားပြိုင်ပွဲများကို ကျင်းပခဲ့ကြောင်း သိရှိရသည်။

ကိုကိုးကျွန်းမြို့နယ်၌ မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးကောင်း မျိုးသန့် DYL ဝက်မျိုးများကို မွေးမြူသူများထံ ပေးအပ်

မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ လမ်းညွှန်မှုအရ မျိုးကောင်းမျိုးသန့် DYL ဝက်မျိုးများကို ဒီဇင်ဘာ ၁၆ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်ရှိ မွေးမြူသူများထံ ပေးအပ်သည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး