ရန်ကုန်တိုင်းဒေသကြီး

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှထောက်ပံ့ပေးအပ်သော ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီက အမှတ်(၉၄)ရပ်ကွက်၊ အိမ်ရာစီမံခန့်ခွဲရေးကော်မတီရုံးခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပြောင်းရွှေ့ရောက်ရှိလာသည့် နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းသို့ အကြမ်းဖက်ဖြစ်စဥ်များကြောင့် ပြောင်းရွှေ့ရောက်ရှိလာသည့် နေရပ်စွန့်ခွာ ရောက်ရှိလာသူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း သမိုင်းချောင်း၊ သီရိမင်္ဂလာဈေးနှင့် ရွှေပိတောက်ငါးဈေးတို့တွင် ရေးစီးရေလာကောင်းမွန်ရေးနှင့် သန့်ရှင်းသပ်ရပ်ရေးအတွက် လုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် ယမန်နေ့နံနက်ပိုင်းက သမိုင်းချောင်း၊ သီရိမင်္ဂလာဈေးနှင့် ရွှေပိတောက်ငါးဈေးတို့တွင် ရေးစီးရေလာကောင်းမွန်ရေးနှင့် သန့်ရှင်းသပ်ရပ်ရေးအတွက် လုပ်ငန်းများဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ပုဇွန်တောင်မြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်း ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ၊ သြဂုတ်လနှင့် စက်တင်ဘာလ (၃)လစာ အတွက် တစ်ဦးလျှင် ငွေကျပ် ၆၀,၀၀၀/ နှုန်းဖြင့် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က အမှတ်(၁၀) ရပ်ကွက်ရှိ အမှတ်(၄)အခြေခံပညာမူလတန်းကျောင်း တေဇခန်းမ၌ ကျင်းပခဲ့သည်။

အီလက်ထရောနစ်မဲပေးစက်ထုတ်ယူခြင်း၊ lnstallation ပြုလုပ်ခြင်းနှင့် စက်စမ်းသပ်ခြင်း သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်း ကျင်းပပြုလုပ်

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်အတွင်းရှိ အ.ထ.က(၆) ဗိုလ်တထောင်၊ အောင်ကျော်ခန်းမတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်များ ထုတ်ယူခြင်း၊ lnstallation ပြုလုပ်ခြင်းနှင့် စက်စမ်းသပ်ခြင်း သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းအား ဒီဇင်ဘာ ၁၁ ရက်နေ့ ညနေ ၄နာရီခွဲက ကျင်းပခဲ့သည်။

ရန်ကင်းမြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံငွေပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်းသို့ ယာယီနေရပ်စွန့်ခွာရောက်ရှိလာသူပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရန်ပုံငွေဖြင့်ထောက်ပံပေးအပ်ခြင်းကို ယမန်နေ့ နံနက်က ရန်ကင်းမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊မိုး ကောင်းဘုရားလမ်းရှိ မဟာသာသနာ့ဗိမာန်တော်ကြီးတွင် ဆောင်ရွက်ခဲ့သည်။

ဒလမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲနှင့် နံရံကပ်စာ‌‌စောင်ပြပွဲကွင်းဆင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် အတွင်းရှိကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများ ပိုမိုဖတ်ရှု‌လေ့လာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က အမှတ် (၂၂) အ‌ခြေခံပညာမူလတန်းကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ရန်ကင်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာ‌ပေးဟော‌ပြောပွဲနှင့် ပြိုင်ပွဲများ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနား အသိပညာပေးဟောပြောပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဂိမ်းကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ရန်ကင်းမြို့နယ်၊ အ-မ-က (၁၁) အလယ်တန်းကျောင်းခွဲ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

သန်လျင်မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

သန်လျင်ခရိုင် သန်လျင်မြို့နယ်ရှိ အခြေခံပညာကျောင်းများမှ အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဗဟို (မူလွန်) ကျောင်းနှင့် လက်ယက်စမ်း အခြေခံပညာမူလတန်း (လွန်) ကျောင်းတို့၌ ဆောင်ရွက်ခဲ့ကြသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် ပြည်သူများအား Smart Card များ ဆက်လက်ထုတ်ပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ဦးဘဟန်လမ်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး သင်္ဃန်းကျွန်းမြို့ရုံးတွင် မြို့နယ်အတွင်းရှိ ပြည်သူများအား Smart Card (Biomertric Card) များအား မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးဝင်းနိုင်ထွေးနှင့် ဝန်ထမ်းများက နေ့ချင်းပြီး ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး