ရန်ကုန်တိုင်းဒေသကြီး

ရန်ကင်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာ‌ပေးဟော‌ပြောပွဲနှင့် ပြိုင်ပွဲများ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနား အသိပညာပေးဟောပြောပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဂိမ်းကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ရန်ကင်းမြို့နယ်၊ အ-မ-က (၁၁) အလယ်တန်းကျောင်းခွဲ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

သန်လျင်မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

သန်လျင်ခရိုင် သန်လျင်မြို့နယ်ရှိ အခြေခံပညာကျောင်းများမှ အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဗဟို (မူလွန်) ကျောင်းနှင့် လက်ယက်စမ်း အခြေခံပညာမူလတန်း (လွန်) ကျောင်းတို့၌ ဆောင်ရွက်ခဲ့ကြသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် ပြည်သူများအား Smart Card များ ဆက်လက်ထုတ်ပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ဦးဘဟန်လမ်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး သင်္ဃန်းကျွန်းမြို့ရုံးတွင် မြို့နယ်အတွင်းရှိ ပြည်သူများအား Smart Card (Biomertric Card) များအား မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးဝင်းနိုင်ထွေးနှင့် ဝန်ထမ်းများက နေ့ချင်းပြီး ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ခရမ်းမြို့နယ်တွင် အမျိုးသမီးများအကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ခရမ်းမြို့ အ.ထ.က (ညောင်ပင်ကွင်း) ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

မြောက်ဥက္ကလာမြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်း ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ရန်ပုံငွေမှ ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့ နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ထန်းတပင်မြို့နယ်အတွင်းရှိ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံပေး

အမျိုးသမီးများသားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားမှုများမှ ကာကွယ်နိုင်ရန်အတွက် ပြည်သူလူထုအခြေပြုသားအိမ်ခေါင်းရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ရခိုင်ရိုးကြီးကျေးရွာအုပ်စု၊ တူးချောင်းကျေးရွာအုပ်စု၊ ရိုးခွကျေးရွာအုပ်စု၊ သံပုရာကုန်ကျေးရွာအုပ်စု၊ အစုကြီးကျေးရွာအုပ်စုနှင့် ထိန်နှစ်ပင်ကျေးရွာအုပ်စုတို့တွင် ယမန်နေ့က အမျိုးသမီးငယ်များအား ကာကွယ်ဆေးထိုးနှံပေးခဲ့ကြသည်။

သန်လျင်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ မြန်မာစာစွမ်းရည်ပြိုင်ပွဲ ကျင်းပ

သန်လျင်ခရိုင် သန်လျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ မြန်မာစာစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ ညနေပိုင်းတွင် ကျင်းပခဲ့ကြသည်။

သုံးခွမြို့နယ်တွင် Online Sale ရောင်းချခြင်းနှင့် စပ်လျဥ်း၍ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် Online Sale ရောင်းချခြင်းနှင့် စပ်လျဥ်း၍ မှတ်ပုံတင်လျှောက်ထားသည့် အမှတ် (၁၈) ​ပြည်တော်အေးလမ်း (၁၁) ရပ်ကွက်ရှိ T& k Fancy world myanmar အီလက်ထရောနစ်ပစ္စည်းများကို Online Sale ရောင်းချသည့်‌နေအိမ်သို့ စားသုံးသူရေးရာဦးစီးဌာနမှ ယမန်နေ့နံနက် ၁၀ ခွဲက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ မြို့ဦးစေတီတွင် ပဌာန်းရွတ်ဖတ်ပူဇော်ခြင်းနှင့် သန့်ရှင်းရေးကုသိုလ်ပြုဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များမှ ဆိပ်ကြီးအရှေ့ရပ်ကွက် စလင်းကျောင်းတိုက်အတွင်းရှိ သဗ္ဗသိဒ္ဓိရှင်မြို့ဦးစေတီတော်တွင် ပဌာန်းရွတ်ဖတ်ပူဇော်ခြင်းနှင့် သန့်ရှင်းရေးကုသိုလ်ပြု ဆောင်ရွက်ခြင်းကို ယမန်နေ့ ညနေပိုင်းက ဆောင်ရွက်ခဲ့သည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကျောင်းပြင်ပ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ဆက်လက်ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်ထက်မကျော်သော ကျောင်းပြင်ပအမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းမှစ၍ သက်ဆိုင်ရာရပ်ကွက်အလိုက် ဆေးထိုးစုရပ်များတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး