ရန်ကုန်တိုင်းဒေသကြီး

ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ မြို့ဦးစေတီတွင် ပဌာန်းရွတ်ဖတ်ပူဇော်ခြင်းနှင့် သန့်ရှင်းရေးကုသိုလ်ပြုဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များမှ ဆိပ်ကြီးအရှေ့ရပ်ကွက် စလင်းကျောင်းတိုက်အတွင်းရှိ သဗ္ဗသိဒ္ဓိရှင်မြို့ဦးစေတီတော်တွင် ပဌာန်းရွတ်ဖတ်ပူဇော်ခြင်းနှင့် သန့်ရှင်းရေးကုသိုလ်ပြု ဆောင်ရွက်ခြင်းကို ယမန်နေ့ ညနေပိုင်းက ဆောင်ရွက်ခဲ့သည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကျောင်းပြင်ပ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ဆက်လက်ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်ထက်မကျော်သော ကျောင်းပြင်ပအမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းမှစ၍ သက်ဆိုင်ရာရပ်ကွက်အလိုက် ဆေးထိုးစုရပ်များတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

ကိုကိုးကျွန်းမြို့နယ်တွင် အခြေခံစားသောက်ကုန် စျေးနှုန်းများ အပတ်စဉ်ပုံမှန်စစ်ဆေးခြင်းကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းကုန်စျေးနှုန်းတည်ငြိမ်စေရေးနှင့် မြို့နယ်ကုန်စျေးနှုန်းတည်ငြိမ်ထိန်းချုပ်ရေးကော်မတီမှ သတ်မှတ်ပေးထားသော နှုန်းထားများအတိုင်း‌ ရောင်းချခြင်း ရှိ၊ မရှိ စစ်ဆေးခြင်းကို ယနေ့နံနက်၌ ပုံမှန်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

ကိုကိုးကျွန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အရုပ်ခေါက်နည်း၊ ဂိမ်းကစားနည်းများ ပြုလုပ်

ကိုကိုးကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အရုပ်ခေါက်နည်း၊ ဂိမ်းကစားနည်းများကို ယမန်နေ့ ညနေ (၃) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကိုကိုးကျွန်းမြို့နယ်၌ “ဒို့အတူမဲပေးကြမယ်” လက်ကမ်းစာစောင်များ ပြည်သူများ လက်ဝယ်အ‌ရောက် ဆက်လက်ဖြန့်ဝေ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများအားလုံးပါဝင်မဲပေးနိုင်ရေး “ဒို့အတူမဲ‌ပေးကြမယ်” ရွေးကောက်ပွဲလှုပ်ဆော်လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာတွင် မြို့နယ်ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့မှ ပြည်သူများလက်ဝယ်အရောက် ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လက်ပံတန်း​​မြို့နယ်၌ “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

ရွေးကောက်ပွဲတွင် ပြည်သူများအားလုံးပါဝင်နိုင်ရန်အတွက် “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှဝန်ထမ်းများ၊ မြိုနယ်ကော်မရှင်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာကော်မတီ၊ မိခင်နှင့်ကလေးစောင့်ရေးအသင်းအဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ၊ ဌာနဆိုင်ရာအဖွဲ့များသည် ယနေ့နံနက် ၉ နာရီက လက်ပံတန်းမြို့ (၁) လမ်းအဝိုင်းနှင့် မြို့မဈေးအတွင်း၌ ဖြန့်ဝေပေးကြသည်။

ကွမ်းခြံကုန်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်ရေးရာအသိပညာ‌ပေးဟော‌ပြောပွဲနှင့် ပြိုင်ပွဲများ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားလူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဂိမ်းကစားပြိုင်ပွဲများကို ယမန်နေ့က တော်ခရမ်းလေးကျေးရွာ၊ အ-ထ-က (ခွဲ) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

တံတားမြို့၌ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အောင်သီရိဈေးအတွင်း မီးသတ်ဆေးဗူးများ စစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်ရေး လက်‌တွေ့သရုပ်ပြဆောင်ရွက်

တံတားမြို့အတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေ‌ရေး၊ မီးဘေးလုံခြုံရေး၊ မီးဘေးတားဆီးကာကွယ်နိုင်ရေး အသိပညာကျယ်ပြန့်စွာ သိရှိနိုင်စေရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့မီးသတ်ဦးစီးဌာနမှ ဒီဇင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်းက အောင်သီရိစျေးတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဆေးဗူးများ စစ်ဆေးခြင်း၊ လျှပ်စစ်မီးကြိုးများ စစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်ရေးလက်တွေ့သရုပ်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကိုကိုးကျွန်းမြို့နယ်တွင် သက်သာသောဈေးနှုန်းဖြင့်စားအုန်းဆီ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများအား ရောင်းချပေး

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကိုကိုးကျွန်းမြို့နယ်တွင် တာဝန်ထမ်းဆောင်နေကြသော ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ စားရေးအဆင်ပြေစေရန်အတွက် ပြင်ပပေါက်ဈေးနှုန်းထက်သက်သာသော ဈေးနှုန်းဖြင့် ယနေ့နံနက် (၉) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ကိုကိုးကျွန်းမြို့နယ်တွင် ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်း ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး၊ ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုစနစ်ပုံစံများ သိရှိစေပြီး ကျန်းမာရေးအဆင့်အတန်းတိုးတက်စေရန်ရည်ရွယ်၍ ယနေ့နံနက် (၉) နာရီအချိန်၌ ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး