မလှိုင်မြို့နယ်တွင် ဆောင်းနေကြာ၊ ဆောင်းကြက်သွန်နီသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ကျောက်မှုန့်မြေဩဇာနှင့် ရွက်ဖျန်းအားဆေးများ အခမဲ့ထောက်ပံ့ပေးအပ်
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်းနေကြာ၊ ဆောင်းကြက်သွန်နီသီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိစေရန် ရည်ရွယ်ကာ ကျောက်မှုန့်မြေဩဇာ၊ ရွက်ဖျန်းအားဆေးများအခမဲ့ ထောက်ပံ့ပေးအပ်ခြင်းနှင့် ယူရီးယားမြေဩဇာများ ဖြန့်ဖြူးရောင်းချခြင်းကို နိုဝင်ဘာ ၁၇ နံနက် ၉ နာရီ ၃၀ မိနစ်က ရေချိုဘူတာကျေးရွာအုပ်စု၊ သပြေပင်ကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။