မန္တလေးတိုင်းဒေသကြီး

ပြင်ဦးလွင်မြို့တွင်  အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ  ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့် နှင့် အလှူရှင်များမှ  ကျောက်မဲမြို့နယ်ပြည်သူ့ဆေးရုံနှင့် အမှတ် ( ၁ ) တပ်မတော်ဆေးရုံ  ကုတင် ( ၇၀၀) တို့အတွက် အောက်စီဂျင်စက်ပေးအပ်လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဉီးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့အဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့် နှင့် အလှူရှင်များမှ  ကျောက်မဲမြို့နယ်ပြည်သူ့ဆေးရုံနှင့် အမှတ်  (၁) တပ်မတော်ဆေးရုံ  ကုတင် ( ၇၀၀) တို့အတွက် အောက်စီဂျင်စက်များပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ မွန်းလွဲပိုင်း(၁၂:၃၀) နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ အစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့် အလှူရှင်များတက်ရောက်ကြသည် ။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးအေးထွန်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက် စီးခဲ့သည့် ဘုရားစေတီများပြန်လည်ပြုပြင်မွမ်းမံနိုင်ရေး အလှူငွေများလှူဒါန်း       

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးအေးထွန်းသည် တာဝန်ရှိသူများလိုက်ပါ လျက် နိုဝင်ဘာ(၁၃)ရက် မွန်းလွဲ(၁)နာရီခွဲက ဆည်တော်နံရွှေမုဌောဘုရားရင်ပြင်တော်ရှိဓမ္မာရုံ၌ ငလျင်ဒဏ်ကြောင့်ပြိုကျပျက်စီးခဲ့သော အနော်ထာမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် ကျောက်ဆည်မြို့ ရွှေသာလျောင်တောင်ပေါ်ရှိ ဆုတောင်းပြည့် ဘုရားကြီး ပြန်လည်ပြုပြင်မွမ်းမံနိုင်ရေး ဂေါပကအဖွဲ့ထံသို့ အလှူငွေ(၂၀၀)သိန်းကျပ် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ် အမှတ် ၅ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ် ၅ အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်းဆောင်ရွက်သော  လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ချမ်းအေးသာစံမြို့နယ်၊ အမှတ် ၅ အခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

ရမည်းသင်းမြို့နယ် အထက(၁)ကျောင်း၌ (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို စာစီစာကုံးပြိုင်ပွဲနှင့်ကဗျာရွတ်ဆိုပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အထက(၁)ရမည်းသင်းတို့ပူးပေါင်း၍ (၁၀၅)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အကြို စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ ဆုချီးမြင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက  အဆိုပါကျောင်း၌ ပြုလုပ်သည်။

ချမ်းမြသာစည်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း(၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ မီးသတ်ဦးစီးဌာန သင်တန်းခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ်၊  အမှတ်(၂၉) အခြေခံပညာအထက်တန်းကျောင်း၌  လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊  မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ အမှတ်(၂၉) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌  စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀  နာရီက ကျင်းပခဲ့သည်။

ချမ်းမြသာစည်မြို့နယ် အမှတ်(၁၃) အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ

လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်၍ ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ အသိပညာဗဟုသုတရရှိပြီး နိုင်ငံတော်အတွက် အကျိုးပြု‌နိုင်သော ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း‌ဆောင်ရွက်သော လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီအချိန်က မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်ရှိ အမှတ်(၁၃) အခြေခံပညာအထက်တန်းကျောင်း ချယ်ရီစူပါစိမ်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပြင်ဦးလွင်မြို့နယ် စံနန်းထက်ကိုယ်ပိုင်အထက်တန်းကျောင်းတွင်   စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

လူငယ်ကဏ္ဍကို မြှင့်တင်‌စေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်ခရိုင်၊ပြင်ဦးလွင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့‌နံနက် (၉) နာရီခွဲအချိန်က  ပြင်ဦးလွင်မြို့နယ် စံနန်းထက်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပရာ ရှေးဦးစွာ စံနန်းထက်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဒေါက်တာ‌နေဇော်ဦးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြား‌ရေးမှူး ဦးကျော်မင်းဦးက  ဟောပြောပွဲ ကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

အမရပူရမြို့နယ်၌ အောင်နိုင်တိုး မိုးစပါးစံကွက်ရိတ်သိမ်း တစ်ဧက အဆိုတင်း ၁၂၀ တင်းထွက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ ဆင်ဘိုးကျေးရွာရှိ တောင်သူဒေါ်သီတာအေး၏ ကွင်းအမှတ် ၅၆၇ (က)၊ ဦးပိုင်အမှတ် ၃၄/ ၁၂၀ ရှိ အောင်နိုင်တိုး မိုးစပါး စိုက်ဧကတစ်ဧကပေါ်တွင် ယမန်နေ့ မွန်းလွဲ ၄ နာရီက စိုက်ပျိုးရေးဦးစီးဌာနမှဦးဆောင်၍ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ပြုလုပ်ခဲ့သည်။

ကျောက်ပန်းတောင်းမြို့နယ်ထွက် ကြက်သွန်နီ တစ်ပိဿာ ၈၀၀ ကျပ်သာ ရောင်းချနေရ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်တောင်သူများ စိုက်ပျိုးထွက်ရှိထားသည့် ဆောင်းကြက်သွန်နီခေါ် လှောင်ကြက်သွန်နီဈေးနှုန်း ၈၀၀ ကျပ်သာရောင်ချနေရခြင်းကြောင့် ယခုနှစ်ကြက်သွန်နီစိုက်ပျိုးတောင်သူ နည်းသွားနိုင်ကြောင်း ကျောက်ပန်းတောင်းမြို့နယ်၊ ကန်ပတ်လည်အုပ်စု၊ မုန့်ကုန်းကျေးရွာ ကြက်သွန်နီစိုက်ပျိုးတောင်သူ ဦးနေမျိုးထွန်းထံမှ သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး