မန္တလေးတိုင်းဒေသကြီး

စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ပြည်ထောင်စုအထိမ်းအမှတ်(အကြို) အသိပညာပေး ဟောပြောပွဲ ကျင်းပ

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် (အကြို) အဖြစ် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို အဆိုပါဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

မဟာ‌အောင်မြေမြို့နယ်၌ ငလျင်ဒဏ်သင့် နေအိမ်များအတွက်  အိမ်ဆောက်ပစ္စည်းများ ပေးအပ်

‎မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် သံလျက်မှော်အရှေ့ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ယနေ့နံနက် ၉ နာရီက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ငလျင်ဒဏ်ကြောင့် လုံးဝပျက်စီးနှင့်တစ်စိတ်တစ်ပိုင်းထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များအား ပြုပြင်နိုင်ရန် အိမ်ဆောက်ပစ္စည်း(ဘိလပ်မြေ၊ သွပ်)များ ပေးအပ်ပွဲကျင်းပသည်။

တံတားဦးမြို့နယ်၌၂၀၂၆ခုနှစ် မိုးရာသီတွင် စိုက်ပျိုးမည့် တစ်ရွာ(၂)ဧက ထင်းစိုက်ခင်း စိုက်ပျိုးရန် ပျိုးပင် ၃၀၀၀၀ ပြုစုစိုက်ပျိုးထားရှိ

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၆ခုနှစ်၊ မိုးရာသီတွင် စိုက်ပျိုးမည့် တစ်ရွာ(၂)ဧက ထင်းစိုက်ခင်း စိုက်ပျိုးရန် ပြင်ဆင်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀နာရီက ဇီးချောင်းကျေးရွာတွင် ဆောင်ရွက်သည်။

ညောင်ဦးမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ်ဟောပြော

မန္တလေးတိုင်းဒေသကြီး  ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ်ဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြသခြင်းကို ဇန်ဝါရီ ၂၈ ရက် နံနက် ၉ နာရီခွဲက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင်ကျင်းပသည်။

ပုသိမ်ကြီးမြို့ လူထုအခြေပြုဗဟိုဌာနတွင် ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် ပြိုင်ပွဲများ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့်ပုံပြောပြိုင်ပွဲများကို လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲမှစ၍ ကျင်းပခဲ့သည်။

ပုဂံမြို့ဟောင်းအတွင်းရှိ အနော်ရထာမင်းနှင့်ကျန်စစ်မင်းတို့၏ နန်းတော်ရာသို့ အများပြည်သူများ အခမဲ့ဝင်ရောက်လေ့လာနိုင်

နန်းတော်ရာများသည် နိုင်ငံတော်၏ နိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့် မြို့ပြဖွဲ့စည်းပုံ စသည်တို့ကို လေ့လာရာတွင် အလွန်အရေးပါသည့် သမိုင်းဆိုင်ရာ အမွေအနှစ်တစ်ရပ်ဖြစ်သည်။ ရာဇဝင်ကျမ်းများနှင့်ကျန်စစ်သားနန်းတည်မွန်ကျောက်စာတို့အရ ပုဂံမြို့တော်ကို နေရာ (၄) နေရာသို့ ရွှေ့ပြောင်းနန်းစိုက်ခဲ့ပြီး မင်းဆက်ပေါင်း (၅၅) ပါး စိုးစံခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့၌ ဈေးများမီးဘေးလုံခြုံရေး အသိပညာပေး ဇာတ်တိုက်လေ့ကျင့်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာန တို့ပူးပေါင်း၍ ဈေးများမီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ဇန်နဝါရီ  ၂၈ ရက် နံနက် ၈ နာရီက တမ္ပဝတီရပ်ကွက်ရှိ တမ္ပဝတီဈေးသစ်နှင့် ဈေးကွက်သစ်ရပ်ကွက်ရှိ မြို့မ စည်ပင်သာယာဈေးတို့တွင် ဆောင်ရွက်သည်။

ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ် ဟောပြော

မန္တလေးတိုင်းဒေသကြီး  ပြင်ဦးလွင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ်ဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲများကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲမှစ၍ ကျင်းပသည်။

မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ‌စာဖတ်ဝိုင်း၊ ဟောပြောပွဲ နှင့် ပြပွဲများ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲက စာဖတ်ဝိုင်း၊ ဟောပြောပွဲနှင့် ပြပွဲများ ကျင်းပသည်။

မလှိုင်မြို့နယ်၌ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းအစီအစဉ်ဖြင့်(SMU)ချေးငွေများထုတ်ချေးပေး

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ်တွင်  ဝင်ငွေတိုးပွားရေးလုပ်ငန်းမှ ကျေးရွာသစ် လှုပ်ရှားမှု စီမံကိန်းအစီအစဉ်ဖြင့်(SMU) ချေးငွေများထုတ်ချေးပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲက ရေချိုဘူတာကျေးရွာအုပ်စု၊ သပြေပင်ကျေးရွာတွင်ပြုလုပ်သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး