မန္တလေးတိုင်းဒေသကြီး

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်ဒေသ အုပ်ချုပ်ရေးမှူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအားလေ့လာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသို့ ရောက်ရှိနေသော ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူး Mr. Andrey Aleksandrovich Travnikov ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယမန်နေ့မွန်းလွဲ ၂ နာရီ ၂၀ မိနစ်အချိန်က တပ်မတော် လေယာဉ်ဖြင့် ပုဂံ-ညောင်ဦးလေဆိပ်သို့ ရောက်ရှိလာရာ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မိုး၊ ကျောက်ပန်းတောင်းတပ်နယ်မှူး ဗိုလ်မှူးချုပ်ဟိန်းဆက်၊ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်ကိုဦး၊ ညောင်ဦးခရိုင်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်မင်းညို၊ အဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီးသော်ထိုက်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နေလင်းစိုး၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြ တိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး ဦးညီမွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့် အဖွဲ့ဝင်များ၊ ပညာရေးဌာနမှ ကျောင်းသား/သူများမှ ပုဂံခေတ်ဝတ်စုံဖြင့် ကြိုဆိုခဲ့ကြပြီး အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် မော်တော်ယာဉ်ဖြင့် လေဆိပ်မှထွက်ခွာလာရာ Aureum Palace Hotel သို့ရောက်ရှိခဲ့ကြသည်။

မြစ်သားမြို့ မဟာပျိုးခင်းကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆဌမအကြိမ်မြောက်စုပေါင်းမဟာဘုံ ကထိန်အလှူတော်ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မဟာပျိုးခင်း ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆဌမအကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန်အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်တွင် မင်္ဂလာအုဠ်‌ကျောင်းရှိ ဧဟိပဿိကဓမ္မာရုံ၌ ကျင်းပခဲ့သည်။

(၇၃)နှစ်မြောက် အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဘောလုံးအားကစားပြိုင်ပွဲများကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ပြည်သူ့အားကစားကွင်း၌ ယမန်နေ့မွန်းလွဲ(၃)နာရီခွဲက (၇၃)နှစ်မြောက်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် အမျိုးသား/အမျိုးသမီးဘောလုံးအားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ရာ ကျောက်ဆည်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော်နှင့်ဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် စားအုန်းဆီတစ်ပိဿာ (၇၆၉၀) ကျပ်ဖြင့် ပိဿာ (၂၂၀) ရောင်းချပေး

ကျောက်ဆည်နယ်တွင် အခြေခံစားသောက်ကုန်ပစ္စည်းဖြစ်သည့် စားသုံးဆီ အခက်အခဲမဖြစ်စေရေး ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းဝင် စားသုံးဆီအရောင်းဆိုင်များမှ စဉ်ဆက်မပြတ် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း၍ စားအုန်းဆီ တစ်ပိဿာ ကျပ် (၇၆၉၀) ဖြင့် (၅၀၈) ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ရတနာပုံတက္ကသိုလ် (၂၆)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

အမရပူရ​မြို့နယ်ရှိ ရတနာပုံတက္ကသိုလ် နေ့သင်တန်း၏ (၂၆)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို နိုဝင်ဘာ ၂ ရက် နံနက် ၉ နာရီက မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ တက္ကသိုလ်ပညာရေးအဖွဲ့ဝင်များ၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဌာနမှူး(စီမံ/ဘဏ္ဍာ)၊ ဌာနမှူး(သင်တန်းရေးရာဌာန)၊ မော်ကွန်းထိန်း(ကျောင်းသားရေးရာဌာန)၊ ဖိတ်ကြားထားသူများ၊ ဘွဲ့ရမောင်မယ်များနှင့် မိဘဆွေမျိုးများ တက်ရောက်ကြသည်။

ပြည်ကြီးတံခွန်မြို့နယ်အတွင်း မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ (င)ရပ်ကွက်၌ မီးလောင်မှု/မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် ယနေ့နံနက် ၈ နာရီခွဲအချိန်က မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။

ငါန်းဇွန်မြို့နယ်၌ ဌာနဆိုင်ရဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များမှ ဘုန်းတော်ကြီးကျောင်းများအား စုပေါင်းသန့်ရှင်းရေး ကာယဒါနလုပ်အားပေးပြုလုပ်ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကောင်စီ၏ စီမံကွပ်ကဲမှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ ယမန်နေ့ နံနက်(၇)နာရီက မြို့ပေါ်ရှိ ရတနာပုံဘုန်းတော်ကြီးကျောင်းဝန်းအတွင်း၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်၍ ကာယဒါန ကုသိုလ်ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် အထွက်နှုန်းကွာဟချက်အပေါ် ဆန်းစစ်ခြင်း ဆင့်ပွားသင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင်ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် အထွက်နှုန်းကွာဟချက်အပေါ် ဆန်းစစ်ခြင်း (Training of Trainer TOT) ဆင့်ပွားသင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့ မွန်းလွဲ(၁၂)နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာန ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ဆည်ခရိုင်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် စားအုန်းဆီများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းအနေဖြင့် ပြည်သူများ၊ အခြေခံစားသောက်ကုန်များ ဝယ်ယူသုံးစွဲရာ၌ အထောက်အကူ ပြုစေရန်အတွက် စားအုန်း ဆီများကိုဈေးနှုန်းချိုသာစွာဖြင့်စဉ့်ဆက်မပြတ် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကျောက်ဆည်ခရိုင်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် စားအုန်းဆီများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် ၂၀၂၅ခုနှစ်၊  (၁၀၅) နှစ် မြောက်အမျိုးသား‌အောင်ပွဲ‌နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲနှင့်ကဗျာပြိုင်ပွဲ များကျင်းပ     

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်အတွင်းမှ ထူးချွန်ထက်မြက်သော ကျောင်းသား၊ကျောင်းသူများ ပေါ်ထွက်လာစေရန် ရည်ရွယ် ၍ အခြေခံပညာဦးစီးဌာနက ကြီးမှူးကျင်းပသော ၂၀၂၅ခုနှစ် ၊ (၁၀၅) နှစ်မြောက် အမျိုးသား‌အောင်ပွဲ‌နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများကို  ယနေ့နံနက်(၉)နာရီအချိန်က မြစ်သားမြို့ အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း၌  ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး