မန္တလေးတိုင်းဒေသကြီး

ငါန်းဇွန်မြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးစမှ (၂) နှစ်အောက် ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်းလုပ်ငန်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ဆေးရုံ၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၇) နာရီအချိန်က ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးစမှ (၂) နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်းနှင့် ဆေးတိုက်ခြင်းလုပ်ငန်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးစမှ (၂)နှစ်အောက် ကလေးငယ်များ   ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်းလုပ်ငန်းများပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ဆေးရုံ၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၇) နာရီအချိန်က ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးစမှ (၂) နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်းနှင့် ဆေးတိုက်ခြင်းလုပ်ငန်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြင်းခြံမြို့၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၇) နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အကြို စုပေါင်းသွေးလှူဒါန်းပွဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၇) နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်း အမှတ်အကြို စုပေါင်းသွေးလှူဒါန်းခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က မြင်းခြံခရိုင်ပြည်သူ့ဆေးရုံးကြီးတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်‌၌ ကျေးလက်လမ်း လုပ်ငန်းဆောင်ရွက်နေမှုများအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ပိုမိုအဆင်ပြေစေရန်အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့်  ကင်းလပ်-‌ မြောက်တောကြီး-တအုံလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းနှင့် ညောင်ပင်ကြီး-ထန်းသုံးပင်-ကင်းလပ်လမ်းကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား  ယမန်နေ့မွန်းလွဲပိုင်းက  ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးလှခိုင်၊ မန္တ‌လေးတိုင်း‌ဒေသကြီး‌ ကျေးလက်လမ်းဖွံ့ဖြိုး‌ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး အရည်အသွေးပြည့်မှီစွာ ဆောင်ရွက်ကြရန် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် မြရတနာလူမှုကူညီရေးအသင်းအတွက် မြေနေရာ၊ အဆောက်အအုံနှင့် မော်တော်ယာဉ် လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကသဲကုန်းကျေးရွာ လူမှုကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်လျက်ရှိသည့် မြရတနာလူမှုကူညီရေးအသင်းအတွက် ကွယ်လွန်သူမိခင်ကြီး (ဒေါ်သိန်းရှင်) အားရည်စူး၍ ကျန်းမာရေးမော်တော်ယာဥ်၊ အဆောက်အဦး၊ မြေနေရာတို့အားလှူဒါန်းပေးခြင်းအခမ်းအနားကို ယနေ့ နံနက်(၉)နာရီက အဆိုပါကျေးရွာအဝင်တွင် ကျင်းပခဲ့ကြောင်းသိရသည်။

တိုင်းရင်းဆေးကုဌာနမှ အမှတ်(၁၀)အခြေခံပညာမူလတန်းကျောင်း၌ ကျန်းမာရေးအသိပညာပေး၊ အခမဲ့ကျန်းမာရေးစောင့်ရှောက်ဆောင်ရွက်ပေး

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ် တိုင်းရင်းဆေးကုသရေးဦးစီးဌာနမှ အမှတ်(၁၀)အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်ပြီး ဘက်စုံထူးချွန်သူများဖြစ်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက ကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ် (ဃ)ရပ်ကွက်လုံးဆိုင်ရာ (၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော် ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဃ)ရပ်ကွက်၊အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့ နံနက်  ၈ နာရီက (ဃ)ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးမော်ကြီးဦး‌ဆောင်၍  (ဃ)ရပ်ကွက်လုံးဆိုင်ရာ (၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော် ကျင်းပခဲ့သည်။

ဝမ်းတွင်းမြို့နယ်တွင်  ဆန္ဒမဲပေးစက်အသုံးပြုနည်းကို ပြည်သူများအသိပညာပေးသရုပ်ပြ

ဝမ်းတွင်းမြို့နယ်တွင် ဆန္ဒမဲပေးစက်အသုံးပြုနည်းကို ပြည်သူများအသိပညာပေးသရုပ်ပြမှု့ကို ယမန်နေ့နံနက်က ဒိုင်ကောင်းကုန်းကျေးရွာ အထက်တန်းကျောင်းဝန်းအတွင်းရှိ ဓမ္မာရုံတွင် ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှု့ကော်မတီဥက္ကဋ္ဌ ဦးရဲမြင့်သိန်းနှင့် မြို့နယ်ကော်မရှင်အဖွဲ့ဝင်များက မဲပေးစက်နှင့်ဆန္ဒမဲပေးနည်းစနစ်များရှင်းလင်ပြီး တက်‌ရောက်လာသူများအား လက်တွေ့မဲပေးစကအသုံးပြု၍ မဲပေးစေခဲ့သည်။

ပြင်ဦးလွင်မြို့နယ်အတွင်း တီကျစ်မြေဩဇာ တစ်ပိုင်တစ်နိုင် ထုတ်လုပ်ခြင်းသင်တန်းဖွင့်လှစ်  

စိုက်ပျိုးရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ တိုင်းမြေအသုံးချရေးဌာနခွဲမှ ကြီးမှူးကျင်းပသော တီကျစ်မြေဩဇာ တစ်ပိုင်တစ်နိုင် ထုတ်လုပ်ခြင်းသင်တန်းကို  ယမန့်နေ့ နံနက် ၉ နာရီခွဲက ပြင်ဦးလွင် ကော်ဖီဥယျာဉ်(ပွေးတောင်) ခြံရှိ သင်တန်းခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။

ကျောက်ဆည်မြို့တွင် ကွမ်းခြံများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းသဖြင့် ဈေးကောင်းရရှိရန်မျှော်လင့်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ကွမ်းခြံများအောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်း ကောင်းသဖြင့် ကွမ်းစိုက်တောင်သူများအနေဖြင့် ဈေးကောင်းရရှိရန်မျှော်လင့်လျှက်ရှိကြောင်း ကျားကာ ကျေးရွာမှ ကွမ်စိုက်တောင်သူ များထံမှသိရှိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး