မန္တလေးတိုင်းဒေသကြီး

မဟာအောင်မြေမြို့နယ်၌ အမှတ် (၁၄) အခြေခံပညာမူလတန်းလွန်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် အားကစားနှင့်လူငယ်ရေးရာဟောပြောပွဲ ကျင်းပ

‎‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၁၄) အခြေခံပညာမူလတန်းလွန်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ဟောပြောပွဲနှင့် အားကစားနှင့်လူငယ်ရေးရာဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက ကျင်းပသည်။

သာစည်မြို့ အ-ထ-က (၂) ၌ လူငယ်ရေးရာဟောပြောပွဲနှင့်လူငယ်စကားဝိုင်း ကျင်းပပြုလုပ်

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတများရရှိစေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံပြီး လူအများရှေ့၌ စကားပြောဆိုရာတွင် ရဲဝံ့စွာပြောဆိုဆွေးနွေးနိုင်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၈ နာရီခွဲက သာစည်မြို့အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း သူရိယခန်းမ၌ ကျင်းပပြုလုပ်သည်။

မိတ္ထီလာခရိုင်တွင် မဲပေးစက်ဆိုင်ရာ နည်းပညာအထောက်အကူပြုသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် မဲပေးစက်ဆိုင်ရာ နည်းပညာအထောက်အကူပြုသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မိတ္ထီလာကွန်ပျူတာတက္ကသိုလ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ် အမှတ် (၁၆) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

အနာဂတ်ကာလတွင် မျိုးဆက်သစ်ကျောင်းသားလူငယ်များ ဗလငါးတန်ပြည့်စုံစေအတွက် ရန်ရည်ရွယ်ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းအခမ်းအနားကို ချမ်းအေးသာစံမြို့နယ် အမှတ် (၁၆) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

မိတ္ထီလာခရိုင် လူမှုစီးပွားဘဝစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

မိတ္ထီလာခရိုင်၏ လူမှုစီးပွားဘဝစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့   နံနက် ၉ နာရီအချိန်က ပန်းလေပြေဟိုတယ်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု အခမဲ့(အခမဲ့) ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်၌ ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှေုာက်မှုများအခမဲ့ ဆောင်ရွက်ပေးသည်။

မိတ္ထီလာမြို့၌ နှစ်ကျိပ်ရှစ်ဆူဘုရားများ မြို့တွင်းလှည့်လည်ဒေသစာရီ ပူဇော်ခံပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်စီစဉ်မှုဖြင့် ဝမ်းတော်ပြည့်ကျောင်းတိုက်အတွင်း သီတင်းသုံးတော်မူသည့် နှစ်ကျိပ်ရှစ်ဆူဘုရား မြို့တွင်း ဒေသစာရီလှည့်လည်ပူဇော်ခံပွဲကို ယမန်နေ့ကကျင်းပခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့ အခြေခံပညာအထက်တန်းကျောင်း(ညောင်ဦး)၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကဗျာ၊ ပန်းချီ၊ကာတွန်းပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ညောင်ဦး)၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပန်းချီ၊ ကဗျာ၊ ကာတွန်းပြိုင်ပွဲကို အောက်တိုဘာ ၂၁ ရက် နံနက် ၉ နာရီက ကျင်းပသည်။

တံတားဦးမြို့လူထုအခြေပြုဗဟိုဌာနတွင် ဝါးခမောက်ရက်လုပ်နည်းသင်တန်းအခမဲ့ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင်  ဝါးခမောက်ရက်လုပ်နည်း (အခမဲ့)သင်တန်းကို ယမန်နေ့ မွန်းလွဲ ၃နာရီက ဖွင့်လှစ်ကြောင်းသိရသည်။

(၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်(အကြို) အထက်တန်း/အလယ် တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကျင်းပ

၂၀၂၅ခုနှစ် နိုဝင်ဘာ ၁၄ ရက်တွင် ကျရောက်မည့် (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ညောင်ဦးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်း(ညောင်ဦး)တို့ ပူးပေါင်း၍ အထက်တန်း/အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကို အောက်တိုဘာ ၂၁ ရက် နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး