မန္တလေးတိုင်းဒေသကြီး

(၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်(အကြို) အထက်တန်း/အလယ် တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကျင်းပ

၂၀၂၅ခုနှစ် နိုဝင်ဘာ ၁၄ ရက်တွင် ကျရောက်မည့် (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ညောင်ဦးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်း(ညောင်ဦး)တို့ ပူးပေါင်း၍ အထက်တန်း/အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကို အောက်တိုဘာ ၂၁ ရက် နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

ကျောက်ဆည်၊ မြစ်သား၊ ကူမဲမြို့များတွင် စားအုန်းဆီတစ်ပိဿာငွေကျပ်  ၇၆၉၀ ဖြင့် ရောင်းချ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်အတွင်းရှိ ကျောက်ဆည်၊ မြစ်သား၊ ကူမဲမြို့များတွင် ယမန်နေ့က စားအုန်းဆီတစ်ပိဿာငွေကျပ်  ၇၆၉၀ ဖြင့် ပြည်သူများအား စားအုန်းဆီ ပိဿာ ၇၇၀  ရောင်းချပေးခဲ့ကြောင်း သိရသည်။

သထုံမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းများဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းတို့ဖြင့် ရောင်းချပေးခြင်းတို့ကို အောက်တိုဘာ ၂၁ ရက်နေ့ နံနက်က သထုံခရိုင်ပြည်သူ့ဆေးရုံကြီး၌ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

သာစည်မြို့နယ် ကြက်မောက်ကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း(RBF) စီမံကိန်းဖြင့် မွေးမြူရေးလုပ်ငန်းများအောင်မြင်

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ကျေးလက်နေအိမ်ထာင်စုများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန် ကြက်မောက်ကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း (RBF)စီမံကိန်းဖြင့် မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ အောင်မြင်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးဒေါ်မြသက်ဝင်းထံက သိရသည်။

မိတ္ထီလာခရိုင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို ပြိုင်ပွဲများကျင်းပ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်အကြို ပြိုင်ပွဲများဖွင့်ပွဲအခမ်းအနားနှင့် အလယ်တန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီ က ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပသည်။

မြစ်သားမြို့နယ်တွင် မိုးစပါးစိုက်ခင်း (၅၅၄၈၅) ဧကစိုက်ပျိုးပြီး အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ကင်းတားရေလှောင်တမံဆည်ရေဖြင့် မိုးစပါးစိုက်ပျိုးလျက်ရှိပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးစိုက်ခင်း (၅၅၄၈၅) ဧကစိုက်ပျိုးပြီး စိုက်ခင်းများ ​အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

မြင်းမြီးဖြင့်ပြုလုပ်သည့် ယွန်းထည်လုပ်ငန်း တိမ်ကောပပျောက်မှုမရှိစေရေး ယွန်းလုပ်ငန်းရှင်များ ထိန်းသိမ်းထားရှိ

မန္တလေးတိုင်းဒေသကြီး၊ ပုဂံမြို့ရှိ မြင်းမြီးဖြင့်ပြုလုပ်သည့် (ရက်လုပ်)ယွန်းထည်လုပ်ငန်း တိမ်ကောပပျောက်မှု မရှိစေရန်အတွက် ပုဂံမြို့ ယွန်းလုပ်ငန်းရှင်များက ထိန်းသိမ်းထားရှိ လုပ်ကိုင်လျက်ရှိကြောင်း ဦးဘငြိမ်းယွန်းထည်လုပ်ငန်း၏ စတုတ္ထမျိုးဆက်ခံသူ ဦးအောင်ကျော်ထွန်းထံက သိရသည်။

မိတ္ထီလာမြို့နယ်အဆင့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စွာဖြင့် အချိန်မီစနစ်တကျပြုစုပြီးစီးရေး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ကြည့်ရှုစစ်ဆေး

မိတ္ထီလာမြို့နယ်အဆင့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စွာဖြင့် အချိန်မီစနစ်တကျပြုစုပြီးစီးနိုင်ရေးဆောင်ရွက်နေမှုကို အောက်တိုဘာ ၁၇ ရက် မွန်းလွဲ ၁၂ နာရီခွဲအချိန်က မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး လာရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

သာစည်မြို့နယ် ကြက်မောက်ကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း(RBF) စီမံကိန်း တတိယစက်ဝန်းလည်ပတ်

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ကျေးလက်နေအိမ်ထာင်စုများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန် ကြက်မောက်ကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်း (RBF)စီမံကိန်း တတိယစက်ဝန်း လည်ပတ်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးမှူးဒေါ်မြသက်ဝင်းထံက သိရသည်။

သီးနှံမျိုးစုံ(၁၀၅၀)ဧက စိုက်ပျိုးရေပြည့်ဝစွာပေးဝေးနိုင်ရေး ငပြောင်မြောင်းမှ ရေကျအဆောက်အအုံတစ်ခု၏ ကျောက်ဆလံများနှင့် ကြမ်းခင်းများအား ပြန်လည်ပြုပြင်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံ(၁၀၅၀)ဧက စိုက်ပျိုးရေပြည့်ဝစွာပေးဝေနိုင်ရေး ငပြောင်မြောင်းမှ ရေကျအဆောက်အအုံတစ်ခု၏ ပျက်စီးနေသည့် အထက်အောက်ကျောက်ဆလံများနှင့် ကြမ်းခင်းများအား ပြန်လည်ပြုပြင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး