မန္တလေးတိုင်းဒေသကြီး

သီးနှံမျိုးစုံ(၁၀၅၀)ဧက စိုက်ပျိုးရေပြည့်ဝစွာပေးဝေးနိုင်ရေး ငပြောင်မြောင်းမှ ရေကျအဆောက်အအုံတစ်ခု၏ ကျောက်ဆလံများနှင့် ကြမ်းခင်းများအား ပြန်လည်ပြုပြင်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံ(၁၀၅၀)ဧက စိုက်ပျိုးရေပြည့်ဝစွာပေးဝေနိုင်ရေး ငပြောင်မြောင်းမှ ရေကျအဆောက်အအုံတစ်ခု၏ ပျက်စီးနေသည့် အထက်အောက်ကျောက်ဆလံများနှင့် ကြမ်းခင်းများအား ပြန်လည်ပြုပြင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ဝေဟင်မှရှုခင်းများကြည့်ရန် Balloon များ စတင်ပျံသန်း

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရှုခင်းများ ကြည့်ရှုရန် ရွှေလေတံခွန် (နီညိုရောင်) မီးပုံပျံဓာတ်ငွေ့ Balloon အဖွဲ့မှ ယမန်နေ့နံနက် ၆ နာရီ ၁၀ မိနစ်အချိန်က ပုဂံမြို့သစ်၊ ဂန့်ဂါရပ်ကွက်ရှိ ဟိုတယ်ဇုန်(၄)မှ စတင်ပျံသန်း၍ ယခုနှစ် ဆောင်းရာသီ Balloon ပျံသန်းခြင်းများ စတင်ပျံသန်းခဲ့ပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်ထံက သိရသည်။

မတ္တရာမြို့နယ်၊ ရေနံ့သာကျေးရွာအုပ်စု၊ စွန့်လွှတ်မြေများအား (ဒုတိယအကြိမ်) ပုံစံ(၇)ပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ ‌အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ်၊ ရေနံ့သာကျေးရွာအုပ်စု၊ အမှတ် (၂၂) စိုက်ကွင်းမှ စွန့်လွှတ်မြေများအား (ဒုတိယအကြိမ်)ပုံစံ (၇) ပေးအပ်ပွဲအခမ်းအနားကို အောက်တိုဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ မန္တလေးဇုန်(ဇုန်-၁) အားကစားပြိုင်ပွဲဘောလုံး(အမျိုးသား) ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့တက်ရောက်

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ မန္တလေးဇုန်(ဇုန်-၁) အားကစားပြိုင်ပွဲ ဘောလုံး (အမျိုးသား)ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက အောင်မြေသာစံမြို့နယ်ရှိ အောင်မြေမန္တလာအားကစား ကွင်းတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ အထက်မြန်မာပြည်ရှိ ပညာရေးဒီဂရီကောလိပ်(၉)ခုမှကျောင်းအုပ်ကြီးများ၊ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူအားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြပြီး မကွေးပညာရေး ဒီဂရီကောလိပ်အသင်းနှင့် မိတ္ထီလာပညာရေး ဒီဂရီကောလိပ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးရာ မကွေးပညာရေး ဒီဂရီကောလိပ်အသင်းက တစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

တောင်သာမြို့ အနောက်ရပ် အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟော​ပြောပွဲ ကျင်းပ

တောင်သာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် (၉) နာရီအချိန်က အနောက်ရပ်အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယမန်နေ့ နံနက် (၁၀) နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပပြီး ပုံပြင်ပြောပြိုင်ပွဲ ကျင်းပကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာအသိပညာ‌ပေးဟောပြောပွဲ ကျင်းပ

‎‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မန္တလာနယ်လ်ဆင်ကိုယ်ပိုင်အထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပသည်။

ပျော်ဘွယ်မြို့နယ် သူဌေးကုန်းပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် အသိပညာပေးဟောပြောခြင်းနှင့် ပျော်ရွှင်မှုရရှိစေရန် အားကစားပြိုင်ပွဲငယ်များ ကျင်းပ

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စာဖတ်ခြင်း၏ အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲခြင်း၊ ပျော်ရွှင်မှုရရှိစေရေန် အားကစားပြိုင်ပွဲငယ်များ ကျင်းပပေးခြင်းကို အောက်တိုဘာလ (၁၇) ရက်၊ နံနက်(၉)နာရီခွဲအချိန်က သူဌေးကုန်းပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ကျင်းပသည်။

ချမ်းမြသာစည်မြို့နယ် ရွှေကံ့ကော် ကိုယ်ပိုင်အထက်တန်းကျောင်းတွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်း ကျင်းပ

လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်၍ ဗလငါးတန်နှင့် ပြည့်စုံစေရန်၊ အသိပညာဗဟုသုတရရှိပြီး နိုင်ငံတော်အတွက် အကျိုးပြု‌နိုင်သော ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် ရွှေကံ့ကော် ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်း‌ဆောင်ရွက်သော လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်ရှိ အဆိုပါကျောင်းခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

မလှိုင်မြို့နယ်တွင် ပဲစင်းငုံသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး (ယူရီးယား+လက်ချား) ရွက်ဖျန်းအားဆေးများ ထောက်ပံ့ပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ပဲစင်းငုံသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိစေရန် ရည်ရွယ်ကာ (ယူရီးယား+လက်ချား) ရွက်ဖျန်းအားဆေးရည်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်(၉)နာရီအချိန်က ကံကြီးကျေးရွာအုပ်စု၊ အလယ်ချောင်ကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး