မန္တလေးတိုင်းဒေသကြီး

သာစည်မြို့တွင် ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်  စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်း 

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်/ကျေးရွာစာရေးဝန်ထမ်းများ၏ လုပ်ငန်းညှိနှိုင်းစည်းဝေးကို စက်တင်ဘာ ၃၀ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး  အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

ကျောက်ဆည်မြို့နယ်နှင့်စဉ့်ကိုင်မြို့နယ်များ၌ စားအုန်းဆီများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်း အနေဖြင့် ပြည်သူများ၊ အခြေခံစားသောက်ကုန်များ ဝယ်ယူသုံးစွဲရာ၌ အထောက်အကူပြုစေရန်အတွက် စားအုန်းဆီများကို ဈေးနှုန်းချိုသာစွာဖြင့် စဉ့်ဆက်မပြတ်ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက တို့တွင်  စားအုန်းဆီများ ဈေးနှုန်းချိုသာစွာဖြင့် ဆက်လက်ရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်ခရိုင်တွင် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတာ်တွင် ပြိုင်ပွဲများကျင်းပနိုင်ရေး (ဒုတိယ)အကြိမ် လုပ်ငန်းညှိနှိုင်း 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်(၁၀)နာရီက စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ပြိုင်ပွဲများကျင်းပနိုင်ရေး (ဒုတိယ)အကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပသည်။

ပုဂံမြို့ ယွန်းပညာကောလိပ်တွင် ဒစ်ဂျစ်တယ်အသိပညာ၊ ခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာသင်တန်းဖွင့်လှစ်ခြင်း

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ယွန်းပညာကောလိပ်တွင် “ဒစ်ဂျစ်တယ် အသိပညာ၊ ခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာ သင်တန်းကို ယနေ့နံနက်ပိုင်း ၁၀ နာရီက အဆိုပါကောလိပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပုသိမ်ကြီးမြို့နယ်တွင် အခွန်ပညာပေး ဆွေးနွေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင် ပုသိမ်ကြီးမြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာန၏ ဦးဆောင်မှုဖြင့် အခွန်ဆိုင်ရာအသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အခွန်ဦးစီးမှူးရုံး၌ ကျင်းပသည်။

တံတားဦးခရိုင်တွင် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင်တွင် ၂၀၂၅ခုနှစ်အောက်တိုဘာ(၁)ရက်တွင်ကျရောက်သည့် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက်(၁၁)နာရီက တံတားဦးမြို့  မြို့မရဲစခန်းအတွင်းရှိ ဓမ္မာရုံအတွင်း၌ ကျင်းပကြောင်းသိရသည်။

မြဝတီမြို့တွင် (​၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကျင်းပ

၂၀၂၅ခုနှစ် အောက်တိုဘာ၁ရက်တွင် ကျရောက်သည့််(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲ တပ်ဖွဲ့နေ့  အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်းနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ကရင်ပြည်နယ် ခရိုင်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၈ နာရီတွင် ကျင်းပသည်။

ချမ်းအေးသာစံမြို့နယ်၌ အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ

အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ အထိမ်းအမှတ်အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး ချမ်း‌အေးသာစံမြို့နယ်ရှိ မြို့တော်ခန်းမ၌‌အောက်တိုဘာ ၁ ရက် နံနက် ၉ နာရီခွဲက ကျင်းပရာ အသက်(၉၅)နှစ်နှင့်အထက် ကန်တော့ခံ အဘိုးအဘွားများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အဖွဲ့ဝင်များ တက်ရာက်ကြသည်။

ပုသိမ်ကြီးမြို့နယ်တွင် လာမည့် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကြေညာ

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်တွင် မဲဆန္ဒရှင်များစာရင်းများအား စက်တင်ဘာ (၃၀)ရက် နံနက်ပိုင်းမှ စ၍ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ကြေညာထားသည်။  အဆိုပါမဲဆန္ဒရှင်စာရင်းများကပ်ထားကြေညာမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ နေလင်းထွန်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစည်သူနှင့် အဖွဲ့ဝင်များ၊ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များ  ဖြည့်ဆည်း  ပေးခဲ့ကြောင်းသိရသည်။

ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးထားသော မိုးနေကြာသီးနှံများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဒေသအတွင်းစားသုံးဆီဖူလုံပိုလျှံရေးအတွက် မိုးရာသီနှင့် ဆောင်းရာသီများတွင် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မိုးနေကြာသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး