မန္တလေးတိုင်းဒေသကြီး

မြစ်သားမြို့နယ်တွင် မုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းမှုများပြီး ကင်းတားရေ လှောင်တမံ၏ ရေဝင်ရောက်မှုအခြေအနေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကံဆည်ကျေးရွာအုပ်စုအနီးရှိ ကင်းတားရေလှောင်တမံအား အောက်တိုဘာ ၁ ရက်နေ့နံနက်ပိုင်း တိုင်းထွာချက်အရ လက်ရှိရေပမာဏ ၈၄၉၂၄၀ ဧကပေရှိပြီး ရေအမှတ် (အမြင့်ပေ) ၆၇၈.၀၂ ပေရှိကြောင်း သိရပါသည် ။

မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ (၆၁)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကျင်းပ

အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်သည့် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို အောက်တိုဘာ ၁  ရက်‌ နံနက်၈နာရီက မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ရဲသူရိန်ခန်းမ၌ ကျင်းပသည်။

မြင်းခြံမြို့၌ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အထိမ်းအမှတ် သက်ကြီးဘိုးဘွားများအား အလှူ‌ငွေများ၊ လှူဖွယ်ပစ္စည်းများဖြင့် ကန်တော့ခြင်း ပြုလုပ်

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အထိမ်းအမှတ် သက်ကြီးဘိုးဘွားများအား အလှူငွေများ၊ လှူဖွယ်ပစ္စည်းများဖြင့် ကန်တော့ခြင်းကို အောက်တိုဘာ ၁ ရက်နေ့နံနက် (၇) နာရီက မြင်းခြံဘိုးဘွားရိပ်သာတွင် ပြုလုပ်ခဲ့သည်။

သာစည်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းနှင့်တံတားအချို့ပျက်စီး

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်အတွင်း စက်တင်ဘာ၃၀ရက်က မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် လမ်းနှင့်တံတားအချို့ပျက်စီးခဲ့ကြောင်း မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီထံမှ သိရသည်။

မလှိုင်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ်မဲဆန္ဒရှင် စာရင်းများကြေညာ

မန္တလေးတိုင်ဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများ၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများကို စက်တင်ဘာ (၃၀)ရက်နေ့ စတင်ကြေညာထားရာ အောက်တိုဘာလ ၁ ရက်နေ့ နံနက် ၉ နာရီက မလှိုင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ်၌  ပထမအကြိမ်မဲစာရင်း ထုတ်ပြန်ကြေညာမှုအရ မဲဆန္ဒရှင် ၁၀၇၉၁၅ဦးရှိပြီး တိုင်းရင်းသားမဲဆန္ဒရှင် ၃၁၈၀ရှိ

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၌ ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများအား စက်တင်ဘာ ၃၀ရက်‌နံနက်ပိုင်းမှစတင်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ကြေညာထားရာ မဲဆန္ဒရှင် ပြည်သူများ သက်ဆိုင်ရာမဲဆန္ဒနယ်အလိုက် လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စုများတွင် ပထမအကြိမ် မဲစာရင်းများ ကပ်ထားကြေညာထားရာ မဲဆန္ဒရှင် ၁၅၈၈၅၇  ဦးရှိ

မန္တလေးတိုင်း‌ဒေသကြီး ဝမ်းတွင်းမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စုများတွင် ပထမအကြိမ် မဲစာရင်းများကို စက်တင်ဘာ ၃၀ ရက်မှစ၍ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်စုများရှိ ကော်မရှင်ရုံးများတွင် ကပ်ထားကြေညာထားရာ မဲပေးနိုင်သူ ၁၅၈၈၅၇ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင် မန္တလေးတက္ကသိုလ်ရာပြည့်ပွဲတော်အတွက် ကြိုတင်ပြင်ဆင်နေမှု ကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အဖွဲ့ဝင်များသည်  စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းက  မန္တလေးတက္ကသိုလ်သို့ရောက်ရှိပြီး အောက်တိုဘာ ၄ ရက်တွင် ကျင်းပမည့် မန္တလေးတက္ကသိုလ် ရာပြည့်သဘင်ပွဲတော် ဖွင့်ပွဲအခမ်းအနားအတွက် ကြိုတင်ပြင်ဆင်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင်မဟာမုနိဘုရားကြီးနှင့်ရွှေကြက်ကျဆုတောင်းပြည့်မြတ်စွာဘုရားများ ငလျင်ကြောင့်ထိခိုက်ပြိုကျပျက်စီးမှုများအား ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပြိုကျပျက်စီးခဲ့သည့် စေတီ၊ ပုထိုးများ၊ သာသနိကအဆောက်အအုံများ ပြန်လည်တည်ဆောက် ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးဝန်ကြီးများ၊ အဖွဲ့ဝင်များ စက်တင်ဘာ၃၀ရက် ညနေပိုင်းက လိုက်လံကြည့်ရှုစစ်ဆေးသည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင်မဟာမုနိဘုရားကြီးနှင့်ရွှေကြက်ကျဆုတောင်းပြည့်မြတ်စွာဘုရားများ ငလျင်ကြောင့်ထိခိုက်ပြိုကျပျက်စီးမှုများအား ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပြိုကျပျက်စီးခဲ့သည့် စေတီ၊ ပုထိုးများ၊ သာသနိကအဆောက်အအုံများ ပြန်လည်တည်ဆောက် ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးဝန်ကြီးများ၊ အဖွဲ့ဝင်များ စက်တင်ဘာ၃၀ရက် ညနေပိုင်းက လိုက်လံကြည့်ရှုစစ်ဆေးသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး