မန္တလေးတိုင်းဒေသကြီး

ကျောက်ပန်းတောင်းမြို့နယ်၌ မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများ ပထမအကြိမ်အဖြစ် မဲစာရင်းကပ်ကြေညာ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၌ မဲဆန္ဒနယ်အသီးသီးအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များ ပထမအကြိမ် ကပ်ထားကြေညာခြင်းကို ရပ်ကွက်/ကျေးရွာအုပ်စု အသီးသီးတွင်စတင် ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ(၃၀)ရက်နေ့ နံနက်(၁၀)နာရီက ဈေးကွက်သစ်ရပ်ကွက်နှင့် စံပြရပ်ကွက်ဓမ္မာရုံများတွင် မဲစာရင်းကပ်ထားမှုအခြေအနေအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် ကိုင်းကျေးရွာအနီးတွင် မိုးရွာသွန်းမှုများသဖြင့် ရေကျော်ရေရိုးများ၌ လမ်းပိတ်ဆို့မှုဖြစ်ပေါ်ခဲ့ရာ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့်လုံခြုံရေးအဖွဲ့များက ကူညီလမ်းရှင်မှုများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် စက်တင်ဘာ(၂၉)ရက်နှင့် စက်တင်ဘာ(၃၀) ရက်နေ့များတွင် မိုးရွာသွန်းမှုများသဖြင့်၊ မြို့နယ်အတွင်း မြေသားရေကန်များ ရေပြည့်လျံလျက်ရှိသည့် နည်းတူ၊ ကြက်မောက်တောင် ရေလှောင်တမံ ရေပိုလွှဲမှ ရေထုတ်လွှတ်မှုများကြောင့် ကျောက်ပန်းတောင်း- မိတ္ထီလာကားလမ်းကိုင်းကျေးရွာအနီး မိုင်တိုင်(၅၁/၄)မှ မိုင်တိုင်(၅၄/၇)အတွင်း အလျား (၃) ဖာလုံခန့် ရေအမြင့်(၁)ပေကျော်ခန့် ကားလမ်းရေကျော်မှုများ ဖြစ်ပေါ်ခဲ့ရာ စက်တင်ဘာ (၃၀) ရက်နေ့ နံနက်(၉)နာရီမှစတင်၍ မြိုနယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ကော်မတီအတွင်းရေးမှူးနှင့် မြို့နယ်မီးသတ်ဦးစီးမှူးတို့ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ လုံခြုံရေးအဖွဲ့ဝင်များက ရေကြောင်းလမ်းပြခြင်း၊ ကားလမ်းရှင်ခြင်းများ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်တွင် ပထမအကြိမ်မဲစာရင်း ကပ်ထားကြေညာ 

မန္တလေးတိုင်းဒေသကြီး၊ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲရုံးများတွင် မြို့နယ် အတွင်းရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများ၏ မဲစာရင်းများကို ယနေ့ နံနက်ပိုင်းက စတင်ကာ ပထမအကြိမ် ကပ်ထားကြေညာသည်။

သာစည်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများ၌  မဲဆန္ဒရှင်စာရင်းများ ပထမအကြိမ်အဖြစ်ကပ်ထားကြေညာနေမှုအား တာဝန်ရှိသူများကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် သာစည်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင် အဖွဲခွဲရုံးများနှင့် ကျေးရွာအုပ်စုအတွင်းရှိကျေးရွာများ၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို ပထမအကြိမ်အဖြစ် စက်တင်ဘာ ၃၀ မှစတင်၍ ကပ်ထားကြေညာထားရှိရာ ယနေ့နံနက် ၁၁ နာရီက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။    

ကျောက်ဆည်မြို့နယ်၌ ရေတိုက်စားပျက်စီးသွားသည့် မြောင်းကူးတံတားအားပြန်လည်ပြုပြင်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် တောင်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး စိုက်ပျိုးရေပေး မြောင်းများနှင့် မြောင်းများပေါ်ရှိ ကုန်ထုတ်တံတားများအား ဘဏ္ဍာနှစ်အလိုက် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် လွန်ကျော်-သံရွာ ကျေးရွာအနီး ရေတိုက်စားပျက်စီးခဲ့သည့် မြောင်းကူး တံတားအား ပြန်လည်ပြုပြင်ပေးခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့နယ်အတွင်း  မဲဆန္ဒရှင်စာရင်းများကြေညာ

မန္တလေးတိုင်းဒေသကြီး  ပြင်ဦးလွင်ခရိုင်  ပြင်ဦးလွင်မြို့နယ်အတွင်း ဒီဇင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများအား ယနေ့နံနက်ပိုင်းမှစတင်၍ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ကြော်ငြာဘုတ်များဖြင့် ကြေညာထားကြောင်းသိရသည်။

ကျောက်ဆည်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့်ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင်မဲပေးနိုင်ရန်မဲဆန္ဒရှင်စာရင်းများ ကြေညာ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်အတွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင်မဲပေးနိုင်ရန်အတွက်  ယနေ့ နံနက်ပိုင်းမှစတင်၍ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများ၏ ကြော်ငြာဘုတ်များဖြင့် မဲဆန္ဒရှင်စာရင်းများ ကြေညာထားကြောင်းနှင့် မဲဆန္ဒရှင်စာရင်း ကြေညာခြင်းများကို မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌဦးထိုက်ထိုက်ဇော်၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးအောင်ကိုလတ်နှင့် တာဝန်ရှိသူများမှ ကွင်းဆင်းကြီးကြပ်စစ်ဆေးခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်စာရင်းများအား ပထမအကြိမ် ထုတ်ပြန်ကြေညာ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုက‌ရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် ဆန္ဒ‌မဲပေးကြမည့် မဲဆန္ဒရှင်ပြည်သူများ စာရင်းကြေညာခြင်းကို စက်တင်ဘာလ (၃၀) ရက်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးများ၌ ကြေညာကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (မန္တလေး) တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး အတွက် လူငယ်စကားဝိုင်း ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၆၂ လမ်း၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (မန္တလေး)ရှိ ဇမ္ဗူဒီပါခန်းမတွင် လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟုသုတ ရရှိပြီး နိုင်ငံတော်အတွက် အကျိုးပြု‌နိုင်သော လူငယ်များပေါ်ထွက်လာစေရန် ရည်ရွယ်၍ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (မန္တလေး)နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော လူငယ်စကားဝိုင်းကို စက်တင်ဘာ ၃၀ ရက်နေ့မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

မြဝတီခရိုင်တွင် ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး အ.လ.က (၂) ကျောင်းသို့ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

မြဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်ခြင်းကို အမှတ် (၂)၊ အခြေခံပညာအလယ်တန်းကျောင်း၌ စက်တင်ဘာ ၃၀ ရက်နေ့ နေ့လယ် (၁) နာရီက ဆောင်ရွက်ခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး