မန္တလေးတိုင်းဒေသကြီး

ကျောက်ဆည်မြို့၏ ရိုးရာအမွေအနှစ် ဆင်ပွဲတော်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် မကြာခင်အချိန်ကာလ၌ နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော ရိုးရာဆင်အကအလှပြိုင်ပွဲနှင့် ဆင်လှူပွဲတော်ကြီး ရောက်ရှိလာတော့မည်ဖြစ်ပြီး ဆင်အကအလှအဖွဲ့များမှလည်း ရိုးရာဆင်၊ ဘော်ကြယ်ဆင်များဖြင့် မြန်မာရိုးရာ အိုးစည်၊ ဒိုးပတ်၊ ဝါး၊ နှဲ၊ လင်ကွင်း အတီးအဖွဲ့များနှင့်တစ်ဖုံ ခေတ်ပေါ်တေးဂီတ သံစုံတီးဝိုင်းအဖွဲ့များကတစ်မျိုးနှင့် မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများတွင် စတင်လှည့်လည် ကပြဖျော်ဖြေလျက်ရှိကြောင်း သိရှိရပါသည်။

မြစ်သားမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူများအတွက် မိုးရာသီစိုက်ပျိုးစရိတ် ထုတ်ချေးပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူများကို ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို အတိုးနှုန်း ငါးရာခိုင်နှုန်းဖြင့် သီးနှံ‌ပေါ်ချိန်တွင် ချေးငွေများပြန်လည်ပေးဆပ်ရန် စည်းကမ်းချက်နှင့်အညီ ထုတ်‌ချေးပေးခြင်းကို မေလ (၁၅) ရက်နေ့မှစတင်၍ စက်တင်ဘာလ (၂၆) ရက်နေ့အထိ အဆိုပါဘဏ်ခွဲ၌ တစ်မြို့နယ်လုံးအတွက် ထုတ်ချေး‌ပေးခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်း မိတ္ထီလာ-သာစည်လမ်းမှ စက်ပစ်တောင်ကျေးရွာသွားလမ်း ကွန်ကရစ်လမ်းခင်းနေမှု အခြေအနေအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်း‌ဒေသကြီးရန်ပုံငွေဖြင့် မိတ္ထီလာ-သာစည်လမ်းမှ စက်ပစ်တောင်ကျေးရွာသွားလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ယနေ့နံနက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က (၆၁)နှစ်ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသာအားဖြင့် စုပေါင်းသွေးလှူဒါန်း

(၆၁)နှစ်ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသာအားဖြင့် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက် (၈)နာရီက မန္တလေးပြည်သူ့ဆေးရုံကြီး မန်းတောင်ရိပ်ကိုးထပ်ဆောင်တွင် ပြုလုပ်ကျင်းပသည်။

မြစ်သားမြို့နယ်တွင် နွားကူးကြီးကျေးရွာအနီး ပန်းလောင်မြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေ (၃) သိန်း ငါးမျိုးစိုက်ထည့်ပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် နွားကူးကြီးကျေးရွာအုပ်စု ရေအေးဆိပ်ကျေးရွာအနီးရှိ ပန်းလောင်မြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေ (၃) သိန်း ငါးမျိုးစိုက်ထည့်ပေးခြင်းကို စက်တင်ဘာ ၂၆ ရက်နေ့ နံနက် (၇) နာရီခွဲက မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ငါးမျိုး စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။ 

မိတ္ထီလာခရိုင်ရဲတပ်ဖွဲ့မှ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမှတ်(၁) တပ်မတော်ဆေးရုံ ကုတင် (၅၀၀)တွင် စုပေါင်းသွေးလှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိတ္ထီလာခရိုင်ရဲတပ်ဖွဲ့မှဦးစီး၍ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက် (၈)နာရီအချိန်က  အမှတ် (၁) တပ်မတော်ဆေးရုံ ကုတင် (၅၀၀)တွင် ကျင်းပခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် မုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းမှုများပြီး ကင်းတားရေလှောင်တမံ၏ ရေဝင်ရောက်မှုအခြေအနေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကံဆည်ကျေးရွာအုပ်စုအနီးရှိ ကင်းတားရေလှောင်တမံအား စက်တင်ဘာ ၂၇ ရက်နေ့နံနက် (၆) နာရီအချိန် တိုင်းထွာချက်အရ လက်ရှိရေပမာဏ ၈၂၁၃၂၀ ဧကပေရှိပြီး ရေအမှတ် (အမြင့်ပေ) ၆၇၅.၃၆ ပေရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် စမာမြောင်းရေဖြင့် တိုက်နယ် (၁)၌ မိုးသီးနှံမျိုးစုံ (၇၉၇၃)ဧက စိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် တိုက်နယ် (၁၂)ခုရှိပြီး ဒေသတွင်းသီးနှံမျိုးစုံ ဖူလုံပိုလျှံရေး မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့မှ တောင်သူများနှင့် ပူးပေါင်း၍ စိုက်ပျိုးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ခုနှစ် စမာမြောင်းရေဖြင့် တိုက်နယ် (၁)၌ မိုးသီးနှံစုံ (၇၉၀၃)ဧက စိုက်ပျိုးပြီးကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်တွင် မဲစာရင်းမှန်ကန်မှုရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စက်တင်ဘာ ၂၇ ရက်နေ့နံနက် ၁၀ နာရီက မဲစာရင်းမှန်ကန်မှုရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။

မြစ်သားမြို့ပေါ်ရှိ အခြေခံပညာမူလတန်း‌ကျောင်းများတွင် ဆုံဆို့၊ မေးခိုင်ကာကွယ်ဆေး (DT)နှင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဘုန်းမြတ်ကို ဦးဆောင်ကာ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးဆရာမများက မြို့ပေါ်အခြေခံပညာမူလတန်း‌ကျောင်းများမှ အသက် (၅)နှစ်ပြည့်ပြီးသည့် ကျောင်းသား၊ ကျောင်းသူများကို ဆုံဆို့၊ မေးခိုင်ကာကွယ်ဆေး (DT)နှင့် အသက် (၉)နှစ်ပြည့်ပြီး (၁၂)နှစ် မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က ထိုးနှံ‌ပေးခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး