မန္တလေးတိုင်းဒေသကြီး

မြစ်သားမြို့နယ်တွင် မုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းမှုများပြီး ကင်းတားရေလှောင်တမံ၏ ရေဝင်ရောက်မှုအခြေအနေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကံဆည်ကျေးရွာအုပ်စုအနီးရှိ ကင်းတားရေလှောင်တမံအား စက်တင်ဘာ ၂၇ ရက်နေ့နံနက် (၆) နာရီအချိန် တိုင်းထွာချက်အရ လက်ရှိရေပမာဏ ၈၂၁၃၂၀ ဧကပေရှိပြီး ရေအမှတ် (အမြင့်ပေ) ၆၇၅.၃၆ ပေရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် စမာမြောင်းရေဖြင့် တိုက်နယ် (၁)၌ မိုးသီးနှံမျိုးစုံ (၇၉၇၃)ဧက စိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် တိုက်နယ် (၁၂)ခုရှိပြီး ဒေသတွင်းသီးနှံမျိုးစုံ ဖူလုံပိုလျှံရေး မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့မှ တောင်သူများနှင့် ပူးပေါင်း၍ စိုက်ပျိုးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ခုနှစ် စမာမြောင်းရေဖြင့် တိုက်နယ် (၁)၌ မိုးသီးနှံစုံ (၇၉၀၃)ဧက စိုက်ပျိုးပြီးကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်တွင် မဲစာရင်းမှန်ကန်မှုရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စက်တင်ဘာ ၂၇ ရက်နေ့နံနက် ၁၀ နာရီက မဲစာရင်းမှန်ကန်မှုရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။

မြစ်သားမြို့ပေါ်ရှိ အခြေခံပညာမူလတန်း‌ကျောင်းများတွင် ဆုံဆို့၊ မေးခိုင်ကာကွယ်ဆေး (DT)နှင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဘုန်းမြတ်ကို ဦးဆောင်ကာ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးဆရာမများက မြို့ပေါ်အခြေခံပညာမူလတန်း‌ကျောင်းများမှ အသက် (၅)နှစ်ပြည့်ပြီးသည့် ကျောင်းသား၊ ကျောင်းသူများကို ဆုံဆို့၊ မေးခိုင်ကာကွယ်ဆေး (DT)နှင့် အသက် (၉)နှစ်ပြည့်ပြီး (၁၂)နှစ် မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က ထိုးနှံ‌ပေးခဲ့ကြောင်း သိရသည်။

အမှိုက်စွန့်ပစ်မှု ကာကွယ်တားဆီးရေးလှုပ်ရှားမှုနှင့် အမှိုက်ခွဲခြားစွန့်ပစ်ခြင်းလှုပ်ရှားမှု Campaign အမရပူရမြို့နယ်၌ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ် ​တောင်သမံအင်းပတ်လမ်း သမိုင်းဝင်ဦးပိန်တံတားတောင်ဘက်မှ ရတနာပုံတက္ကသိုလ်လမ်းဆုံအထိ တောင်သမံပတ်လမ်းဘေးဝဲယာရှိ အမှိုက်များကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ ယနေ့နံနက် (၇)နာရီအချိန်က အမှိုက်စွန့်ပစ်မှု ကာကွယ်တားဆီးရေးလှုပ်ရှားမှုနှင့် အမှိုက်ခွဲခြားစွန့်ပစ်ခြင်းလှုပ်ရှားမှု Campaign ကို ပြုလုပ်ခဲ့သည်။

မန္တလေးတက္ကသိုလ် ရာပြည့်အထိမ်းအမှတ် အာစရိယပူဇော်ပွဲကျင်းပရေးဆပ်ကော်မတီ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

‎မန္တလေးတက္ကသိုလ် ရာပြည့်အထိမ်းအမှတ် အာစရိယပူဇော်ပွဲကျင်းပရေးဆပ်ကော်မတီ ပဉ္မမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီက မန္တလေးတက္ကသိုလ် URC အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ငါန်းဇွန်မြို့၌ မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေး

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၊ အမှတ် (၂) ရပ်ကွက်ရှိ ရှင်ပင်ချမ်းသာကြီးဘုရားဝင်းအတွင်းရှိ အေးငြိမ်းချမ်းသာဓမ္မာရုံ၌ စက်တင်ဘာ ၂၆ရက်နေ့ မွန်းလွဲ ၁ နာရီက ရပ်ကွက်နေပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ပြုလုပ်ကြောင်း သိရသည်။

မြင်းခြံမြို့တွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်ကြားပို့ချသည့် လူသုံးကုန်ထုတ်မှုနည်းပညာသင်တန်းကို စက်တင်ဘာ ၂၆ ရက်နေ့နံနက် (၁၀) နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး‌ဦးစီးဌာန Community Centre ခန်းမတွင် ဖွင့်လှစ်ခဲ့သည်။

ညောင်ဦးမြို့ ရွှေစည်းခုံစေတီတော် ဘုရားအနေကဇာတင်ခြင်းနှင့် သင်ပုတ်ပလ္လင်ပွဲတော် ရေစက်ချမင်္ဂလာအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ဒေသအတွင်းရှိ ရွှေစည်းခုံစေတီ‌တော်မြတ်ကြီး ဗုဒ္ဓဘိသေကဘုရားအနေကဇာတင်လှူပူဇော်ခြင်းနှင့် သင်ပုတ်ပလ္လင်ပွဲတော် ရေစက်ချမင်္ဂလာအခမ်းအနားကို စက်တင်ဘာ ၂၆ ရက်၊ နံနက် ၉ နာရီက ရွှေစည်းခုံဘုရားကြီး အနောက်တောင်ထောင့်ရှိ အင်္ဂါထောင့် တန်းဆောင်းတော်တွင်ကျင်းပခဲ့သည်။

ကျောက်ဆည်မြို့၌ ရိုးရာဆင်အကအလှပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးခရိုင်အဆင့် (ဒုတိယ)အကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်အကအလှပြိုင်ပွဲတွင် ဂုဏ်ပြုဆင်၊ ပြိုင်ပွဲဝင်ဆင်၊ မြို့မဈေးပတ်ဆင်များဖြင့် စည်ကားသိုက်မြိုက် စွာကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပွဲတော်ကြီးအောင်မြင်စွာကျင်းပနိုင်ရေး ခရိုင်အဆင့်(ဒုတိယ)အကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီက ခရိုင်လမ်းဦးစီးဌာနရိပ်သာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး