မန္တလေးတိုင်းဒေသကြီး

အောင်မြေသာစံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊‌ အောင်မြေသာစံမြို့နယ်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ တွေ့ဆုံပွဲအခမ်းအနားကို စက်တင်ဘာ ၂၅ ရက်နေ့၊ နေ့လယ် ၂ နာရီက မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ အကွက် (၇၀) ၊ ၈၆လမ်း၊ ၁၃×၁၄ လမ်းကြားရှိ နှင်းဆီခြံ ကိုးခန်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

ပြင်ဦးလွင်မြို့နယ် ဟိုလိပ်ကျေးရွာ၌ “ပညာအလင်းရောင်” စာကြည့်တိုက် အဆောက်အအုံအသစ်ဖွင့်ပွဲ ကျင်းပ

ကျေးလက်နေ ပြည်သူများ စာဖတ်ကြစေရန်၊ စာပေဗဟုသုတနှင့်ပြည့်စုံလာစေရန်၊ စာကြည့်တိုက်ကို အသုံးချတတ်လာစေရန်နှင့် စာပေလေ့လာဖတ်ရှုနိုင်သည့် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးနိုင်စေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ ဟိုလိပ်ကျေးရွာ၌ ပညာအလင်းရောင်စာကြည့်တိုက် အဆောက်အအုံအသစ် ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၂၄ ရက်နေ့နံနက်   ၁၁ နာရီက အဆိုပါစာကြည့်တိုက်ရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ဆည်မြို့တွင် ဆင်အကအလှပြိုင်ပွဲနှင့် ဆင်လှူပွဲတော် ကျင်းပနိုင်ရေး (ဒုတိယ) အကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်အကအလှပြိုင်ပွဲနှင့် ဆင်လှူပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၂၄ ရက်နေ့ နံနက် နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ယာယီ)အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မလှိုင်မြို့နယ်တွင် မိုးနှောင်းချည်မျှင်ရှည်ဝါ ပန်းတိုင်အထွက်နှုန်းရရှိရေး ရွက်ဖျန်းအားဆေးရည်များ ထောက်ပံ့ပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက မိုးနှောင်းချည်မျှင်ရှည်ဝါ ပန်းတိုင်အထွက်နှုန်းရရှိရေး အရွက်ဖျန်းအားဆေးရည်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက သပြေပင်ကျေးရွာနှင့် ဆည်ကြီးကျေးရွာတို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အောင်‌မြေသာစံမြို့နယ်တွင် မင်းတုန်းမင်းတရားကြီး ဆောက်လုပ်လှူဒါန်းထားသော ဒိုင်အိုစီဇင်ကျောင်းတော်ကြီး ဂုဏ်ပြုစာတမ်းဖတ်ပွဲ ကျင်းပ

‌အောင်‌မြေသာစံမြို့နယ် ၂၂လမ်း×၈၆ လမ်း‌ထောင့်တွင် ဘဝရှင်မင်းတရားကြီး ဆောက်လုပ်လှူဒါန်းပြီး သီပေါမင်းသား ပညာသင်ယူခဲ့သော ဒိုင်အိုစီဒင်၊ သံတဲကျောင်းတော်ကြီး၏ သမိုင်းဂုဏ်ပြုစာတမ်းဖတ်ပွဲကို စက်တင်ဘာလ ၂၄ ရက်၊ နံနက် ကိုးနာရီခွဲက အောင်မြေသာစံမြို့နယ်၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည်။

ချမ်းအေးသာစံမြို့နယ်တွင် ရွေးကောက်ပွဲမဲစာရင်းများ မှန်ကန်တိကျစေရန် လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေး

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်မည့် အထွေထွေရွေးကောက်ပွဲကာလအတွက် မြို့နယ်အတွင်းရှိ အသက်(၁၈) နှစ်နှင့်အထက် လူဦးရေစာရင်းများ တိကျမှန်ကန်မှုရှိစေရေးအတွက် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို ချမ်းအေးသာစံမြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၌ စက်တင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

အောင်မြေသာစံမြို့နယ်တွင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ စာကြည့်တိုက်များသို့ သုတ/ရသစာအုပ်များ လှူဒါန်းပွဲ ကျင်းပ

ပြည်သူများ စာအုပ်စာပေများလေ့လာဖတ်ရှုခြင်းမှ အသိပညာဗဟုသုတများတိုးပွားစေရေး၊ လူငယ်များ စာပေလေ့လာဖတ်ရူခြင်းဖြင့် အနာဂတ်လူတော်လူကောင်းများ ဖြစ်လာစေရန်အတွက် ရည်ရွယ်၍ အလှူရှင်များက အောင်မြေသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ စာအုပ်စာစောင်များ လှူဒါန်းပွဲကို စက်တင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းက အောင်မြေသာစံမြို့နယ်၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနရုံး၊ Community Centre ခန်းမတွင် ကျင်းပသည်။

ပုဂံမြို့ဟောင်းရှိ အာနန္ဒာဘုရားကြီး ကွမ်းတောင်တော်ဦး အထွဋ်စေတီတော်၊ မုခ်ကပ်ဆင်းတုတော် (၂၀) ဆူတို့အား ရွှေသင်္ကန်း ကပ်လှူပြီးစီး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့ဟောင်းရှိ ကျန်စစ်သားမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် အာနန္ဒာဘုရားကြီး ရွှေသင်္ကန်းကပ်လှူပြီးစီးမှု အခြေအနေတို့အား စက်တင်ဘာ ၂၄ ရက်၊ ၁၀ နာရီခွဲက ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်တာဝန်ရှိသူများ စစ်ဆေးခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနက စံပြမူလတန်းလွန်ကျောင်း၌ အားကစားဆိုင်ရာများ အသိပညာပေးဟောပြော

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားဆိုင်ရာ လူငယ်အသိပညာပေး ဟောပြောပွဲများကို အခြေခံပညာကျောင်းများတွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ (၂၅)ရက်နေ့ နံနက်(၁၀)နာရီက စံပြရပ်ကွက်ရှိ အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် ပြုလုပ်ခဲ့ပြီး အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။

ကျောက်ပန်းတောင်းမြို့ ကုန်းတော်ကြီးဆုတောင်းပြည့် မင်္ဂလာစေတီဘုရားကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ ကျက်သရေဆောင် ကုန်းတော်ကြီးဆုတောင်းပြည့် မင်္ဂလာစေတီဘုရားကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးစီးခြင်း အထိမ်းအမှတ်၊ ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားကို စက်တင်ဘာ(၂၅)ရက်နေ့ နံနက်(၆)နာရီက အဆိုပါ ဘုရားရင်ပြင် တော်ပေါ်တွင် ပြုလုပ်ခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး