မန္တလေးတိုင်းဒေသကြီး

ကျောက်ပန်းတောင်းမြို့ ကုန်းတော်ကြီးဆုတောင်းပြည့် မင်္ဂလာစေတီဘုရားကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ ကျက်သရေဆောင် ကုန်းတော်ကြီးဆုတောင်းပြည့် မင်္ဂလာစေတီဘုရားကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးစီးခြင်း အထိမ်းအမှတ်၊ ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားကို စက်တင်ဘာ(၂၅)ရက်နေ့ နံနက်(၆)နာရီက အဆိုပါ ဘုရားရင်ပြင် တော်ပေါ်တွင် ပြုလုပ်ခဲ့သည်။

မြစ်သားမြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီး ဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို စက်တင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ(၂)နာရီက အ‌ခြေခံပညာနှင့် စက်မှုစိုက်ပျိုး‌ မွေးမြူရေးအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ငါန်းဇွန်မြို့၌ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့၊ အမှတ်(၁)ရပ်ကွက်၊ လောကနတ်ခန်းမ၌ စက်တင်ဘာ ၂၅ ရက်နေ့ နံနက် ၈ နာရီက မြန်မာအီလက်ထရောနစ်(MEVM) မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ငလျင်ဘေးသင့်လူနေအိမ်ပျက်စီးမှုများအတွက် ထောက်ပံ့ပေးသည့် ဆောက်လုပ်ရေးသုံးပစ္စည်း သံချောင်းလုံးများ မြို့ဟောင်းဘူတာသို့ရောက်ရှိ

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင်  မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်း စေတီပုထိုးများ၊ သာသနိကအဆောက်အအုံများ၊ ဌာနဆိုင်ရာရုံးများ၊ အိမ်ရာများ၊ လူနေ အဆောက်အဦများ၊ လမ်းတံတားများ ထိခိုက်ပျက်စီး၊ လူသေဆုံးမှုများဖြစ်ပေါ်ခဲ့ပြီး လူနေအိမ်ပျက်စီးမှုများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှအိမ်အမျိုးအစားအလိုက်ဆောက်လုပ်ရေးသုံးပစ္စည်း များ ထောက်ပံ့ပေးသွားမည်ဖြစ်သည်။

မြစ်သားမြို့နယ်တွင် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးနှင့်ဓာတ်မြေသြဇာ အချိုးကျ ရောစပ်အသုံးပြုခြင်း ကွင်းသရုပ်ပြ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် သီလင်ကျေးရွာအုပ်စု၊ ခန္တီးလေး ကျေးရွာနေ တောင်သူ ဦးအောင်ကျော်စိုးစံ၏ (၅)ဧကစိုက် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး အောင်နိုင်တိုးစပါးစိုက်ခင်းတွင် မြေသြဇာ ( ၃ : ၁ ) ရောစပ် ကြဲပက်ခြင်းကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၁၀နာရီက  ပြုလုပ်သည်။

စဉ့်ကိုင်မြို့နယ်၌ သဘာဝမြေဩဇာနှင့် ယူရီးယား‌မြေဩဇာ အချိုးကျ ရောစပ်ကြဲပက်ခြင်း တောင်သူအသိပညာပေး ကွင်းသရုပ်ပြသ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး သဘာဝမြေဩဇာနှင့် ယူရီးယား‌မြေဩဇာ ရောစပ်ကြဲပက်ခြင်းနှင့် တောင်သူအသိပညာပေး ကွင်းသရုပ်ပြသပွဲကို စက်တင်ဘာ ၂၄ ရက် နံနက် ၉ နာရီခွဲက အုန်းပင်ခြံကျေးရွာအုပ်စု၊ ‌အုပ်ပင်ခြံကျေးရွာရှိ တောင်သူဦးရဲလွင်၏ ဆင်းသုခ မျိုးစပါး ၅ ဧက စိုက်ကွင်းတွင် ပြုလုပ်သည်။

ပြင်ဦးလွင်မြို့နယ် ပိန္နဲကုန်းကျေးရွာ ပညာလင်းရောင် စာကြည့်တိုက်အဆောက်အအုံအသစ်ဖွင့်ပွဲ ကျင်းပ

ကျေးလက်နေ ပြည်သူများ စာဖတ်ကြစေရန်၊ စာပေဗဟုသုတနှင့်ပြည့်စုံလာစေရန်၊ စာကြည့်တိုက်ကို အသုံးချတတ်လာစေရန်နှင့်စာပေလေ့လာဖတ်ရှုနိုင်သည့် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးနိုင်စေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ ပိန္နဲကုန်းကျေးရွာတွင် ပညာလင်းရောင်စာကြည့်တိုက် အဆောက်အအုံအသစ် ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၄ ရက်နံနက် ၉ နာရီကအဆိုပါ စာကြည့်တိုက်ရှေ့၌ ကျင်းပသည်။

ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်း ဆက်လက်ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် အခြေခံပညာအ.ထ.က (ခွဲ) လ-၂၅ကျောင်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက် Mobile library ကားဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို နံနက် စက်တင်ဘာ ၂၃ ရက်နေ့ နံနက် (၁၀) နာရီက  ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့ လူထုအခြေပြုဗဟိုဌာနတွင် လူသုံးကုန်ထုတ်လုပ်မှုသင်တန်း ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် စက်တင်ဘာ (၂၄) ရက် နံနက် (၉) နာရီက မိသားစုအပိုဝင်မှစီးပွားဖြစ် ဝင်ငွေရရှိရေး လူသုံးကုန်ထုတ်လုပ်မှုသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း  သိရသည်။

မိတ္ထီလာမြို့နယ်အတွင်းရှိ အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် စားသုံးရေးရာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းများအား စက်တင်ဘာ ၂၃ ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး