(၄၇)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီအစည်းအဝေး အကြံပြုချက်များကို ကမ္ဘာ့အမွေအနှစ် ပုဂံဒေသထိန်းသိမ်းစောင့်ရှောက်မှု အစီရင်ခံစာတွင် ထည့်သွင်းနိုင်ရေးလုပ်ငန်းညှိနှိုင်း
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမ၌ (၄၇)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီအစည်းအဝေး၏ အကြံပြုချက် ၁၄ ချက်နှင့်ပတ်သက်သည့် အချက်အလက်များကို ကမ္ဘာ့အမွေအနှစ် ပုဂံဒေသထိန်းသိမ်း စောင့်ရှောက်မှု အစီရင်ခံစာ(State of Conservation Report of Bagan, 2024-2025)တွင် ထည့်သွင်းရေးသားတင်ပြနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာ ၁၇ ရက် နံနက် ၉ နာရီခွဲက ကျင်းပသည်။