ပြင်ဦးလွင်မြို့တွင် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူးရုံးမှ ဦးဆောင်၍ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို စက်တင်ဘာ ၁၆ ရက် နံနက် ၉ နာရီက ပြင်ဦးလွင်မြို့ အမှတ် ( ၂ ) အခြေခံပညာအထက်တန်းကျောင်းရှိ ခန်းမ၌ ကျင်းပသည်။