မန္တလေးတိုင်းဒေသကြီး

မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအာဖြင့် ပေပင်လေးအမြန်လမ်း ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့တွင် ကျရောက်မည့် (၆၁)နှစ်ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပျော်ဘွယ်မြို့နယ်၊ ပေပင်လေးအမြန်လမ်း ရဲတပ်ဖွဲ့စခန်းမှ တပ်ဖွဲ့ဝင်များက ပေပင်လေး ကျေးရွာဘုန်းတော်ကြီးကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို စက်တင်ဘာလ (၁၆) ရက် နံနက် (၇) နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်၌ ကျန်းမာရေးအသိပညာပေးခြင်း၊ ကလိုရင်းဆေးခတ်ခြင်းနှင့် ရေသန့်ဆေးပြားများ ပေးဝေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ မိုးရွာသွန်းမှုများပြီး ကြက်မင်းတွန်ရပ်ကွက် မြေနိမ့်ပိုင်းလူနေအိမ်များတွင် မိုးရေများဝင်ရောက်လျက်ရှိရာ စက်တင်ဘာ ၁၅ နေ့မွန်းလွဲပိုင်းက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နှင်းနှင်းသူ ဦးဆောင်သည့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့မှ ဝမ်းပျက်၊ ဝမ်းလျှောရောဂါနှင့် ခြင်ကြောင့်ဖြစ်ပွားနိုင်သည့် ရောဂါများမဖြစ်ပွားစေရေး ကျန်းမာရေးအသိပညာပေးခြင်း၊ ကလိုရင်းဆေးခတ်ခြင်းနှင့် ရေသန့်ဆေးပြားများ ပေးဝေခဲ့ကြောင်း သိရသည်။  

ချမ်းအေးသာစံမြို့နယ် အမှတ် (၂၃) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ

မျိုးဆက်သစ်ကျောင်းသားလူငယ်များ ဗလငါးတန်ပြည့်စုံစေရန်နှင့် အသိပညာဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်စကားဝိုင်း အခမ်းအနားကို စက်တင်ဘာ ၁၆ နေ့ နံနက်ပိုင်းတွင် အမှတ် (၂၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ရမည်းသင်းခရိုင်တွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းကမ်းချက်များနှင့်အညီ စိုက်ပျိုးရေးသွင်းအားစုများ ရောင်းချရေး ဆွေးနွေးပွဲ ကျင်းပ

မန္တလေးတိုင်း‌ဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းအဆင့် ကြီးကြပ်စစ်ဆေးရေးအဖွဲ့သည် ရမည်းသင်းခရိုင်ဦးစီးမှူးရုံး၌ ဥပဒေ၊ စိုက်ပျိုးရေးသွင်းအားစုများ ရောင်းချရေး ဆွေးနွေးပွဲကို စက်တင်ဘာ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ဆည်မြို့နယ်၌ မိုးသီးနှံမျိုးစုံ စိုက်ပျိုးရန်အတွက် စိုက်စရိတ်ငွေ ထုတ်ချေးပေးပြီးဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ မိုးသီးနှံမျိုးစုံစိုက်ပျိုးရာတွင် တောင်သူများအဆင်ပြေစေရေး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ကျောက်ဆည်ခရိုင်ဘဏ်ခွဲမှ စိုက်ပျိုးစရိတ်ငွေများ ထုတ်ချေးပေးလျက်ရှိရာ စက်တင်ဘာ ၁၆ ရက်နေ့ နံနက် (၉) နာခွဲအချိန်အထိ ငွေ (၁၃၃၀၉) ကျပ်သိန်း ထုတ်ချေးပြီးကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ် အ.လ.က (ခွဲ) တောမ၌ မူးယစ်းဆေးဝါးအန္တရာယ်တားဆီးကာကွယ်‌ရေး အသိပညာပေး ဟောပြော

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) (တောမ)တို့ ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူလူငယ်များ အသိအလိမ်အမာတိုးပွားစေရေး၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာအတတ်ပညာများ တိုးပွားစေရေး၊  နိုင်ငံ‌တော်အတွက် အကျိုးပြုနိုင်‌သော အနာဂတ်သားကောင်းရတနာ၊ သမီးကောင်းရတနာလေးများ ပေါ်ထွန်းလာစေရေးတို့ကိုရည်ရွယ်ကာ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၁၅ ရက်နေ့ နံနက် ၁၀ နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၂၀၂၅ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်းအနားကျင်းပ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်းအနားကို မန္တလေးမြို့ မြို့တော်ခန်းမ၌ စက်တင်ဘာ ၁၆ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

အမရပူရမြို့နယ်ရှိရတနာပုံတက္ကသိုလ်၌ နေ့သင်တန်း စာမေးပွဲများကျင်းပ

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန အမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ်၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် နေ့သင်တန်း သင်တန်းနှစ်အသီးသီး၏ (ဒုတိယနှစ်ဝက်)နှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် စတုတ္ထနှစ် (၂၀၂၀ ပြည့်နှစ်အောင်)၊ ဒုတိယနှစ်ဂုဏ်ထူးတန်းသင်တန်း၊ ဒုတိယနှစ်မဟာသင်တန်း(ဥပဒေပညာ)၊ ပထမနှစ် စာကြည့်တိုက်နှင့်သုတညာ ဘွဲ့လွန်ဒီပလိုမာ (ပထမနှစ်ဝက်) နေ့သင်တန်း စာမေးပွဲများကို စက်တင်ဘာ ၁၅ ရက်တွင် စတင်ကျင်းပလျက်ရှိရာ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များ၊ တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

မလှိုင်မြို့နယ်တွင်အီလက်ထရောနစ်မဲပေးစက်(MEVM)အသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ်မဲပေးခြင်းသရုပ်ပြ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၁၀)နာရီက ၂၀၂၅ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် လွယ်ကူ အဆင်ပြေစွာအသုံးပြုနိုင်ရေးအတွက် အီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြပွဲကျင်းပသည်။

ပြည်ကြီးတံခွန်မြို့နယ်တွင် ပြည်သူများသို့ မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆက်လက်ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်၌ စက်တင်ဘာ ၁၅ နံနက် ၉ နာရီမှ ၁၂ နာရီအထိ ပြည်ကြီးမာန်အောင်ဓမ္မာရုံနှင့် ရန်ကင်းဓမ္မာရုံတို့တွင် ရပ်ကွက်နေပြည်သူများသို့ မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ဆက်လက်ဆောင်ရွက်ခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး