မန္တလေးတိုင်းဒေသကြီး

ညောင်ဦးမြို့၌ ဆီထွက်သီးနှံမြေပဲ မွှားပင့်ကူနီကျရောက်မှုနည်းပညာပေး ဟောပြောပွဲ ကျင်းပ

ညောင်ဦးမြို့နယ်၏ အဓိက ဆီထွက်သီးနှံဖြစ်သော မြေပဲသီးနှံကို ပင်တောင်-ပင်ပြန့် နှစ်မျိုး  စိုက်ပျိုးလျက်ရှိရာ မိုးဦးရာသီတွင် ပင်ပြန့်မြေပဲအများဆုံး စိုက်ပျိုးကြပြီး မိုးလယ်တွင် ပင်ထောင်မြေပဲသာစိုက်ပျိုးကြကြောင်း သိရသည်။

ညောင်ဦးမြို့နယ်၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်းအနားကျင်းပ

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့အိုဇုန်း လွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို စက်တင်ဘာ ၁၆ ရက်နေ့ နံနက် ၁၀ နာရီက ညောင်ဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်မြို့‌ ပေါ်(၂)ရပ်ကွက်တွင် ပြည်သူများသို့ မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်းများ ဆက်လက်ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ယာ‌တော်ရပ်ကွက်နှင့် တောင်မြင့်ရပ်ကွက်တို့၌ စက်တင်ဘာ ၁၆ ရက်နေ့ နံနက် ၉ နာရီမှ ၁၂ နာရီအထိ ဦးမြရာကြွယ် ဓမ္မာရုံနှင့် ဘာသာရေးစာသင်ကျောင်းတို့တွင် ရပ်ကွက်နေပြည်သူများသို့ မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ဆက်လက်ဆောင်ရွက်ခဲ့သည်။

သာစည်မြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့်  လက်တွေ့စမ်းသပ်မဲပေးခြင်းကို အဖွဲ့(၂)ဖွဲ့ဖြင့် ကျေးရွာအုပ်စု(၂၄)အုပ်စုတို့၌ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက စတင်၍ သတ်မှတ်စုရပ်နေရာများဖြစ်သည့် ပြွန်ကန်‌ကျေးရွာ၊ ဇီးပင်‌ပေါက်ကျေးရွာ၊ ရွာပုလဲကြီး ကျေးရွာ၊ အင်းကုန်းကျေးရွာ၊ ညောင်းရမ်းဈေးကျေးရွာနှင့် ညောင်ရမ်းမြို့မ‌တို့၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်အကအလှပြိုင်ပွဲတွင် ဂုဏ်ပြုဆင်၊ ပြိုင်ပွဲဝင်ဆင်၊ မြို့မဈေးပတ်ဆင်များနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်အက အလှပြိုင်ပွဲတွင် ဂုဏ်ပြုဆင်၊ ပြိုင်ပွဲဝင်ဆင်၊ မြို့မဈေးပတ်ဆင်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပွဲတော်ကြီးအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၁၆ ရက်နေ့ နံနက် ၁၀ နာရီက ခရိုင်လမ်းဦးစီးဌာနရိပ်သာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့၌  ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ စီစဉ်ကျင်းပသော ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်းအနားကို စက်တင်ဘာ ၁၆ ရက်နေ့ နံနက် ၁ဝ နာရီက အ-ထ-က(၁) ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကျောက်ဆည်ခရိုင်တွင် ကမ္ဘာ့အိုဇုန်းလွှာနေ့အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ကမ္ဘာ့အိုဇုန်းလွှာနေ့အထိမ်းအမှတ် “အိုဇုန်းလွှာကာကွယ်ရေး သိပ္ပံပညာဖြင့် တစ်ကမ္ဘာလုံးမြှင့်တင် ဆောင်ရွက်ပေး”ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများကျင်းပခဲ့ပြီး စက်တင်ဘာ ၁၆ ရက်နေ့နံနက် (၁၀) နာရီက ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာအုပ်လှူဒါန်းပွဲ ကျင်းပ

အများပြည်သူများ စာအုပ်စာပေဖတ်ရှုခြင်းမှ အသိပညာဗဟုသုတများတိုးပွားစေရန်အတွက် ရည်ရွယ်ကာ အလှူရှင်များမှ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနထံသို့ စာအုပ်လှူဒါန်းခြင်းကို စက်တင်ဘာ ၁၆ ရက်နေ့ နံနက်ပိုင်းက Community Center ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

အောင်မြေသာစံမြို့နယ်တွင် လင်းလက်တော်ဝင်ကိုယ်ပိုင်အထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လင်းလက်တော်ဝင်ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို စက်တင်ဘာ ၁၆ ရက်နေ့ နံနက် ၁၀ နာရီက မြောက်ပြင်ဥပုသ်တော်ရပ်၊ ၇၆လမ်း၊ ၁ လမ်းနှင့် ၂ လမ်းကြားရှိ အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

မိတ္ထီလာမြို့ အ-ထ-က(ချည်စက်)၌ သင်ထောက်ကူပြပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ အခြေခံပညာအထက်တန်းကျောင်း(ချည်စက်) တွင် ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် ဆရာဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများပူးပေါင်း၍  သင်ထောက်ကူပြပွဲအခမ်းအနားကို စက်တင်ဘာ ၁၆ ရက်နေ့ နံနက် ၈ နာရီက ကျင်းပခဲ့ကြောင်းသိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး