မန္တလေးတိုင်းဒေသကြီး

ကျောက်ဆည်မြို့နယ်တွင် စာဖတ်ရှိန်မြင့်မားရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် မင်းစုအခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြင့်မားရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ (၁၁) ရက်၊ မွန်းလွဲ (၁) နာရီခွဲက အဆိုပါကျောင်း ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်သာမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဇွန်လတွင် ကျင်းပပြုလုပ်ခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို စက်တင်ဘာလ ၁၁ ရက် နံနက် ၁၀ နာရီက တောင်သာအခြေခံပညာအထက်တန်းကျောင်း၊ နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြင်းခြံမြို့ အ.ထ.က (၃) ကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အ.ထ.က (၃) ကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၁၁ နေ့ နံနက် (၁၀) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ် အ.လ.က(လက်ပံတော)တွင် အသိပညာပေးဟောပြောပွဲကျင်းပ

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ် ပညာဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စာဖတ်ခြင်း၏အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကို စက်တင်ဘာလ (၁၁) ရက်၊ မွန်းလွဲ (၁) နာရီက အခြေခံပညာအလယ်တန်းကျောင်း(လက်ပံတော)တွင် ကျင်းပသည်။

သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်၌ ပညာသင်ဆု ပေးအပ်ပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၆၂လမ်း၊ ၁၀၄လမ်းနှင့်၁၀၅လမ်းရှိ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်၊ ဧည့်ခန်းမ၌ စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် ၁၁ နာရီခွဲက  ပညာသင်ဆုပေးအပ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

သာစည်မြို့ အ.ထ.က (၂) ၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ဆုချီးမြှင့်ပွဲနှင့် ပြပွဲများပြုလုပ်

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ကျောင်းသား/ကျောင်းသူများ လူကုန်ကူးမှုဆိုင်ရာ အသိပညာဗဟုသုတများရရှိစေရန် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ ဆုချီးမြှင့်ပွဲနှင့်ပြပွဲများကို စက်တင်ဘာ ၁၁ ရက်နံနက် ၉ နာရီက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း သူရိယခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သာစည်မြို့တွင်း၌ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်နေမှုအား ကွင်းဆင်း စစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် သာစည်မြို့တွင် မြိုနယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် မြို့ပေါ်ရပ်ကွက်များတွင် မိုးရာသီကာလ ရေမြောင်းများ ပိတ်ဆိုမှုမရှိစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် မြိုနယ်စည်ပင်သာယာရေးအဖွဲမှ ဆောင်ရွက်လျက်ရှိရာ အဆိုပါဆောင်ရွက်နေမှုအခြေအနေများကို တာဝန်ရှိသူများက စက်တင်ဘာ ၁၁ ရက်နေ့နံနက် ၁၀ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောက်ဆည်မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်းပြီး စက်တင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနတွင်၊ မြင်းခြံကျော်အောင်(ခ)သန်းထက်စံရေးသားသည့် “ကြီးပွားအောင်မြင် အောင်ပန်းကိုဆင်” စာအုပ်စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

ချမ်းမြသာစည်မြို့နယ် အမှတ် (၃၆) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ

လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်၍ ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ အသိပညာဗဟုသုတရရှိပြီး နိုင်ငံတော်အတွက် အကျိုးပြု‌နိုင်သော ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း‌ဆောင်ရွက်သော လူငယ်စကားဝိုင်းကို စက်တင်ဘာ ၁၁ ရက်နေ့ နံနက် ၉ နာရီခွဲက  မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ အမှတ် (၃၆) အခြေခံပညာအထက်တန်းကျောင်းရှိ ဗန္ဓုလခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ချမ်းမြသာစည်မြို့နယ်တွင် ဌာနဆိုင်ရာ ဝန်ထမ်းများအားလုံးသို့ မဲပေးစက်ဆိုင်ရာအကြောင်း အသိပညာပေးနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနား  ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် မြို့သစ်အမှတ် (၂) ရပ်ကွက်၊ ၆၆ လမ်း၊ အမှတ် (၁၃) အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ရှိ ချယ်ရီစူပါစိမ်းခန်းမတွင် မဲပေးစက်အသုံးပြု၍ မဲပေးခြင်းဆိုင်ရာ လုပ်ငန်းစဥ်များကို မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းအားလုံး  ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကိုစက်တင်ဘာ ၁၁ ရက်နေ့ နံနက် ၉ နာရီခွဲတွင် ကျင်းပခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး