မန္တလေးတိုင်းဒေသကြီး

ကျောက်ဆည်မြို့တွင် ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လူငယ်ရေးရာအသိပညာပေး

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့တွင် ကျောင်းသားလူငယ်များ ဗလ ငါးတန်နှင့် ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။

မိတ္ထီလာခရိုင်တွင် ဝါသီးနှံပန်းတိုင်အထွက်နှုန်းထွက်ရှိရေး  နည်းပညာပေးသင်တန်းပို့ချ

မန္တလေးတိုင်းဒေသကြီး  မိတ္ထီလာခရိုင်တွင် ဝါသီးနှံပန်းတိုင်အထွက်နှုန်း တစ်ဧက ပိဿာ ၇၀၀ ထွက်ရှိရေး TOT သင်တန်းကို စက်တင်ဘာ ၁၁ ရက် နံနက် ၈ နာရီခွဲက ခရိုင်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

၂၀၂၅ ခုနှစ် စက်တင်ဘာလ(၁၆)ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် စက်တင်ဘာ  ၁၂ ရက်နေ့ နံနက်(၁၀)နာရီက ၂၀၂၅ ခုနှစ် စက်တင်ဘာလ (၁၆)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများကို “အိုဇုန်းလွှာကာကွယ်ရေးသိပ္ပံပညာဖြင့် တစ်ကမ္ဘာလုံး မြှင့်တင်ဆောင်ရွက်ပေး” ဆောင်ပုဒ်ဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းနှင့် အသိပညာပေးခြင်းအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းနှင့် အသိပညာပေးခြင်းအခမ်းအနားကို ယမန်နေ့က အမှတ် (၃) ရပ်ကွက်ရှိ ရဲဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စားသောက်ကုန်ပစ္စည်းများ ပြည်သူ့သက်သာဈေး‌ ‌ရောင်းချ‌ပေး​

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့မအနောက်ရပ်ကွက်ရှိ မြစ်သားစည် ပင်သာယာဈေးအဝင်ပေါက်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် စည်ပင်သာယာရေးအဖွဲ့မှ စားသောက်ကုန်ပစ္စည်းများ ပြည်သူ့သက်သာ ဈေးရောင်းချခြင်းကို စက်တင်ဘာ  ၁၂ ရက်နေ့ နံနက် (၇)နာရီက ရောင်းချပေးခဲ့ကြောင်း သိရသည်။

‎မဟာအောင်မြေမြိုနယ် မီးသတ်ဦးစီးဌာနတွင် နှစ်စဉ် LCIS International Preschool ကိုယ်ပိုင် ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက မြို့နယ်မီးသတ်ဦးစီးဌာနသို့ လာရောက်လေ့လာကြည့်ရှု

‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်‌မြေမြို့နယ်တွင် LCIS International Preschool ကိုယ်ပိုင်ကျောင်းမှ ကျောင်းသား၊သူလေးများက မီးသတ်ဦးစီးဌာနရှိ မီးငြှိမ်းသတ်ရေး ပစ္စည်းများ၊ ရှာဖွယ်ကယ်ဆယ်ရေးသုံးပစ္စည်းများဖြင့်သရုပ်ပြခြင်းများကို စက်တင်ဘာ ၁၂  ရက်နေ့ နံနက်ပိုင်းက နောက်ဆုံးတတိယမြောက်အနေဖြင့် လာရောက်လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ရမည်းသင်းမြို့ အမှတ်(၁) ရဲလေ့ကျင့်ရေးကျောင်းမှ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း

(၆၁)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသာအားဖြင့် ရမည်းသင်းမြို့ အမှတ်(၁) ရဲလေ့ကျင့်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ရဲမှူးကြီးဥက္ကာကို ဦးဆောင်၍ အမှတ်(၁) ရဲလေ့ကျင့်ရေးကျောင်း ကွပ်ကဲမှုအောက်ရှိ ရတဖ(၁၈)တွင် ဖွင့်လှစ်သည့် ရဲတပ်သားသစ် သင်တန်းအမှတ်စဉ် ၂၂၉/၂၅ ဗလတပ်ခွဲမှ သင်တန်းသား ၁၂၀ ဦးသည် ၁၀-၉-၂၅ ရက်နေ့ နေ့လည်ပိုင်းနှင့် ၁၁-၉-၂၅ ရက်နေ့ နေ့လယ်ပိုင်းတို့တွင် နေပြည်တော် အမှတ်(၂)တပ်မတော် စစ်ဆးရုံ ကုတင် (၁၀၀၀)၌ စုပေါင်း သွေးလှူဒါန်းခဲ့ကြရာ ရောဂါဗေဒပါရဂူ ဗိုလ်မှူး မင်းမင်းစိုးမှ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဖြည့်စွက်စာ ကြက်ဥ၊ ဘီစကစ်မုန့်၊ နို့မှုန့်နှင့် အားဆေးများအား ပြန်လည် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ တိရစ္ဆာန်အစာနေပီယာမြက်ကို ခြံစည်းရိုးများတွင် စိုက်ပျိုးဖြစ်ထွန်းအောင်မြင်ကာ နွားစာအတွက်ဖူလုံ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးလက်တောင်သူများ တိရစ္ဆာန်အစာ နေပီယာမြက်စိုက်ပျိုးခြင်းများအား ယာခင်းခြံစည်းရိုးတလျှောက်၊ ငှက်ပျောခြံ ခြံစည်းရိုးနှင့် နေအိမ်ခြံစည်းရိုးများတွင်စိုက်ပျိုးထားကြပြီး နေပီယာမြက်များ အောင်မြင်ဖြစ်ထွန်းကာ နွားစာအတွက် ဖူလုံမှုရှိလာကြောင်း သစ်ထောင့်ကျွန်းကျေးရွာ ဦးအေးကိုထံက သိရသည်။

ကျောက်ပန်းတောင်းမြို့ MYTEL ရုံး၌ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာများ အသိပညာပေးခြင်းနှင့် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများကို စက်တင်ဘာ ၁၁ ရက်နေ့ ညနေ ၃ နာရီက အောင်မင်္ဂလာရပ်ကွက်ရှိ MYTEL ဆက်သွယ်ရေးရုံးတွင် ဆောင်ရွက်ခဲ့သည်။

ကျောက်ပန်းတောင်းမြို့နယ် လယ်ယားတောင်ကျေးရွာအုပ်စု တောင်ခြေရွာ၌  မြန်မာအီလက်ထရောနစ် မဲပေးစက်အသိပညာပေးခြင်းနှင့်  စမ်းသပ်မဲပေးခြင်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးမှုသရုပ်ပြခြင်းများကို၊ စက်တင်ဘာ ၁၂ ရက်နေ့ နံနက်က လယ်ယားတောင်ကျေးရွာအုပ်စု၊ တောင်ခြေကျေးရွာ ပညာ့ဗိမ္မာန်စာကြည့်တိုက်တွင် ပြုလုပ်ခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး