မန္တလေးတိုင်းဒေသကြီး

မိတ္ထီလာခရိုင်ပြည်သူ့စာကြည့်တိုက်နှင့် ဒေသဆိုင်ရာပြတိုက်ငယ်သို့ တက္ကသိုလ်ပေါင်းစုံမှကျောင်းသူကျောင်းသားများ လာရောက်လေ့လာ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ခရိုင်ပြည်သူ့စာကြည့်တိုက်နှင့် ဒေသဆိုင်ရာပြတိုက်ငယ်သို့  ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းက  တက္ကသိုလ်ပေါင်းစုံမှ ကျောင်းသူကျောင်းသားများ လာရောက်လေ့လာသည်။

မတ္တရာမြို့နယ်၌ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး ဆွေးနွေး

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၌ မြို့နယ်အဆင့်ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားရေးနှင့် ကာကွယ်ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၂ ရက်က မြို့နယ်ပြည်သူ့ဆေးရုံအစည်းဝေးခန်းမ၌ ကျင်းပသည်။

တံတားဦးမြို့နယ် အိမ်မြင့်စံကျေးရွာ”ရွှေအိမ်စံ”စာကြည်တိုက်၌ စာဖတ်ရှိန်မြှင့်တင်ရေး ပြိုင်ပွဲများကျင်းပ

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အိမ်မြင်စံကျေးရွာ စာကြည့်တိုက်ကော်မတီအဖွဲ့များ၊ ကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်း တို့ပူးပေါင်းပြီး ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံတော်အတွက်အကျိုးပြုမည့် သားကောင်းသမီးရတနာများပေါ်ထွန်းလာစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ကျောင်းသား/သူများ နှုတ်မှုစွမ်းရည်နှင့် လူအများအလည် ရဲဝံ့စွာပြောဆိုစေရေး၊ စာဖတ်သည့်အလေ့အကျင့် ကောင်းများရရှိလာပြီး စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲ(၂)နာရီက “ ရွှေအိမ်စံ” စာကြည့်တိုက်၌ ကျင်းပသည်။

ပြင်ဦးလွင်မြို့နယ်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ်ဟောပြော

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်၌ (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ်အဖြစ်  အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက (ပြည်ထောင်စုနေ့အကြောင်းဟောပြောပွဲ ကျင်းပသည်။

မဟာ‌အောင်မြေမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစ ကလေးငယ်များအားကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

‎မန္တလေးတိုင်းဒေသကြီး မဟာ‌အောင်မြေမြို့နယ် မဟာနွယ်စဉ်ရပ်ကွက် ဒိုင်တော်ဓမ္မာရုံ၌ ကျန်းမာရေးဆရာမများနှင့် သားဖွားဆရာမများမှ  ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ (၁)နှစ်ခွဲအောက် ကလေးငယ်များအား ဖေဖော်ဝါရီ ၃ ရက် နံနက် ၉ နာရီက စတင်ပြီး လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေးခြင်းကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၌   ဒုရုံပိုင်(အလုပ်သင်)၊လုပ်ငန်းသစ်ဝန်ဆောင်မှုနှင့် IP Networking သင်တန်းများ ဖွင့်

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၌ ဒုရုံပိုင်(အလုပ်သင်)၊ လုပ်ငန်းသစ်ဝန်ဆောင်မှုနှင့် IP Networking သင်တန်းများ ဖွင့်ပွဲအခမ်းအနားကို  ဖေဖော်ဝါရီ ၂ ရက်က အဆိုပါကျောင်း အောင်ဆန်းခန်းမတွင် ကျင်းပသည်။

ကျောက်ပန်းတောင်းမြို့၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်၌ ပညာရေးဌာနနှင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲကို ဖေဖော်ဝါရီ ၃ ရက် မွန်းလွဲ ၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမတွင် ပြုလုပ်သည်။

တံတားဦးမြို့နယ်၌ ဝန်ထမ်းသက်သာ ဈေးရောင်းပွဲတော် ကျင်းပ

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ဝန်ထမ်းသက်သာ ဈေးရောင်းပွဲတော်ကို ဖေဖော်ဝါရီ ၃ ရက် နံနက် ၈နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ယာယီ)ရုံး ဝင်းအတွင်း၌ ကျင်းပသည်။

မဟာ‌အောင်မြေမြို့နယ်၌ အသက် ၉ နှစ်မှ ၁၂ နှစ်အထိ မိန်းကလေးငယ်များအား(HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံ

‎မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်အတွင်းရှိ အသက် ၉ နှစ်မှ ၁၂ နှစ်အထိ  (HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းက မဟာအောင်မြေမြို့နယ် စင်္ကြာနွယ်ရပ်ကွက်ရှိ သီလရှင်ဆရာလေးများအား ထိုးနှံပေးသည်။

ပြင်ဦးလွင်မြို့တွင် ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးသည့် လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေး

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီက ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး