မန္တလေးတိုင်းဒေသကြီး

ကျောက်ဆည်မြို့နယ်၌ မိုးစပါး ၅၂၃၃၄ဧက စိုက်ပျိုးထားရှိပြီး ရာနှုန်းပြည့်ရိတ်သိမ်းခဲ့ရာ ၄၇၄၇၆၃၉ တင်းထွက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌  ၂၀၂၅-၂၀၂၆ ခုနှစ်  မိုးစပါးများစိုက်ပျိုးရာတွင် နေရာဒေသအလိုက် ပျိုးထောင်စိုက်ပျိုးခြင်းနှင့် အစေ့တိုက်ချစိုက်ပျိုးခြင်းများဖြင့် (၅၂၃၃၄)ဧက စိုက်ပျိုးထားရှိပြီး ရာနှုန်းပြည့်ရိတ်သိမ်းခဲ့ရာ ၄၇၄၇၆၃၉ တင်း ထွက်ရှိကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။

ကျောက်ဆည်မြို့နယ်၌ ကွမ်းရွက်စိုက်ပျိုးသူများ အဆင်ပြေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ကွမ်းခြံများအောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းသဖြင့် ကွမ်းရွက်စိုက်ပျိုးရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း ကွမ်းရွက်စိုက် တောင်သူများထံမှ သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ရွာဟောင်းကြီး Buddhist Complex ရှိ  တူးဖော် သုတေသနပြု လုပ်ငန်းများဆောင်ရွက်

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲသည်သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ “နိုင်ငံဂုဏ်ပြု ယဉ်ကျေးမှု” ဆောင်ပုဒ်နှင့်အညီဦးစီးဌာန၏ ကြီးကြပ်ညွှန်ကြားမှုကိုခံယူ၍ မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသ မူလသွင်ပြင်စရိုက်လက္ခဏာများ မပျောက်ပျက်စေရေး၊ ရှေးဟောင်းအဆောက်အဦများ ရေရှည်တည်တံ့နေစေရေး တူးဖော်သုတေသနလုပ်ငန်းများ၊ ကာကွယ်ထိန်းသိမ်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့၌ (MEVM)မဲပေးစက်များနှင့် မဲရုံသုံးပစ္စည်းများ စတင်ထုတ်ပေး

မန္တလေးတိုင်းဒသကြီး၊ ကျောက်ပန်တောင်းမြို့နယ်၌ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး၌၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအသီးသီးရှိ မဲရုံများတွင် အသုံပြုရန်အတွက် (MEVM)မဲပေးစက်များနှင့် မဲရုံသုံးပစ္စည်းများကို ဇန်နဝါရီ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီက အစိုးရစက်မှုလက်မှု သိပ္ပံကျောင်း(ကျောက်ပန်းတောင်း)ရှိ WORKSHOP အဆောက် အဦတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက ထုတ်ပေးလျက်ရှိသည်။

ငါန်းဇွန်မြို့နယ်၌ ပုညပါရမီ နေ့စဉ်ဆွမ်းလောင်းအသင်းကြီး၏ (၄၂) ကြိမ်မြောက် မဟာစာရေးတံမဲလောင်းလှူပူဇော်ပွဲနှင့် ဆွမ်းလောင်းလှူပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ငါန်းဇွန်မြို့ ပုညပါရမီ နေ့စဉ်ဆွမ်းလောင်းအသင်းကြီး၏ (၄၂) ကြိမ်မြောက် မဟာစာရေးတံမဲလောင်းလှူပူဇော်ပွဲနှင့် ဆွမ်းလောင်းလှူပွဲကြီးကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ(၈)ရက်၊ နံနက်(၇)နာရီက စတင်၍ မြို့ပေါ်ရှိ သံဃာတော်များနှင့် သီလရှင်ဆရာကြီး/ဆရာလေး အပါး(၂၂၀)တို့အား နိဗ္ဗာန်ရည်မျှော် ဆက်ကပ်လောင်းလှူခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ပျော်ရွှင်စွာကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီလ(၈) ရက် နံနက်(၉)နာရီက အမှတ်(၃)ရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်၌ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည်ဆော်ဩ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်တောင်းမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၂) အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာ လာရောက်ဆန္ဒမဲပေးနိုင်ရေးတို့အတွက် အသိပေးနှိုးဆော်ခြင်းကို ဇန်နဝါရီ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီက မြို့ပေါ်ရပ်ကွက်များနှင့် လမ်းမကြီးများတွင် လှည့်လည်ဆော်ဩခဲ့သည်။

မြစ်သားမြို့နယ်၌  အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း ၃ အောင်မြင်စွာကျင်းပနိုင်ရန်အတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မဲရုံတာဝန်ထမ်းဆောင်မည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်‌ရေးမှူးများနှင့် ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၈ ရက် နံနက် ၁၀ နာရီက မြစ်သားမြို့ အနော်ရထာခန်းမ၌ ကျင်းပခဲ့သည်။

အမရပူရမြို့နယ် ရတနာပုံတက္ကသိုလ်၌ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် အုပ်စုပွဲစဉ်များ ယှဉ်ပြိုင်ကစား

အမရပူရမြို့နယ်ရှိ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ (အမျိုးသား) ဖူဆယ်ပြိုင်ပွဲ၊ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၈ ရက် နံနက် ၈ နာရီခွဲက အဆိုပါတက္ကသိုလ်ရှိ ဘောလုံးအားကစားပြိုင်ကွင်း၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များဖြစ်ကြသည့် ဒေါက်တာ ခင်မော်မော်စိုး၊ ဒေါက်တာမာလာယုအောင်၊ ဒေါက်တာဦးဝင်းနိုင်၊ ဖူဆယ်ပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီဥက္ကဋ္ဌ ဒေါက်တာအောင်မျိုးထွန်းနှင့်ကော်မတီဝင်များ၊ ဘောလုံးပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီဥက္ကဋ္ဌ ဒေါက်တာလဲ့လဲ့ဝင်းနှင့်ကော်မတီဝင်များ၊ ဘာသာရပ်အသီးသီးမှ ပါမောက္ခ (ဌာနမှူး) များ၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ စီမံရေးရာဌာနများမှ တာဝန်ရှိသူများ၊ စီမံဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။

သာစည်မြို့၌ “ဒို့အတူတူ မဲပေးကြမယ်” လက်ကမ်းစာစောင်များဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်သည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တွင် ပါဝင်ရာ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေး နှင့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ဇန်နဝါရီ ၈ ရက်နံနက်ပိုင်းက “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များကို လူစည်ကားရာနေရာများဖြစ်သော မိတ္ထီလာ-တောင်ကြီးကားလမ်းမဘေး မြို့နယ်ပြန်/ဆက်ရုံးအနီးနှင့် မြို့မဈေးကြီးတို့တွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး