မန္တလေးတိုင်းဒေသကြီး

အမရပူရမြို့နယ်၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြာပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများကို ဒီဇင်ဘာ ၃၁ ရက်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်များနှင့် ကူမဲ၊ ပလိပ်မြို့နယ်ခွဲများ၌ စားအုန်းဆီတစ်ပိဿာ ငွေ ၇၄၁၀ ကျပ်ဖြင့် စားအုန်းဆီ ၄၃၅၀ ပိဿာ ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းမှ ကျောက်ဆည်ခရိုင်အတွင်းနေထိုင်ကြသော ပြည်သူများ စားအုန်းဆီများဝယ်ယူသုံးစွဲရာ၌ အဆင်ပြေစေရေး စဉ်ဆက်မပြတ် ရောင်းချပေးလျက်ရှိရာ ဒီဇင်ဘာ ၃၀ ရက်က ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်များနှင့် ကူမဲ၊ ပလိပ်မြို့နယ်ခွဲများ၌ စားအုန်းဆီတစ်ပိဿာ ငွေ ၇၄၁၀ ကျပ်ဖြင့် ဆားအုန်းဆီ ၄၃၅၀ ပိဿာ ရောင်းချပေးခဲ့ကြောင်း  သိရသည်။

မြစ်သားမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ (၇၈) နှစ်‌မြောက် လွတ်လပ်ရေး‌နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာနှင့်ကျပန်းစကားပြော ပြိုင်ပွဲများကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်အတွင်းမှ ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနက ကြီးမှူးကျင်းပသော ၂၀၂၆ခုနှစ်၊ (၇၈) နှစ်မြောက် လွတ်လပ်ရေး‌နေ့ အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာနှင့်ကျပန်းစကားပြောပြိုင်ပွဲများကို   ဒီဇင်ဘာ ၃၁ရက် နံနက် ၉ နာရီအချိန်က မြစ်သားမြို့ အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း၌  ကျင်းပပြုလုပ်ပေးလျက်ရှိသည်။

တံတားဦးမြို့နယ်၌ ဒုတိယအကြိမ်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်၌ ဒုတိယအကြိမ်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၃၁ ရက်က တံတားဦးမြို့ အမှတ်(၂)ရပ်ကွက် ဆုံကုန်းရပ်ရှိ မြို့နယ်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ တာဝန်ခံထုတ်ဝေသည့်(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်း စကားလက်ကမ်းစာစောင်များကို မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌  ဒီဇင်ဘာ ၃၁ ရက်က လူစည်ကားရာနေရာများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ်၌ (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဒီဇင်ဘာလ ၃၁ ရက်က ပျော်ဘွယ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် အမှတ်(၁)ဈေးရှိပြည်သူများအား ဖြန့်ဝေပေးခဲ့ကြသည်။

စဉ့်ကိုင်မြို့နယ်၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (မြို့နယ်အဆင့်) စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် အခြေခံပညာဦးစီးဌာနမှကြီးမှူး၍ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ် (မြို့နယ်အဆင့်) စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများကို အ-ထ-က (စဉ့်ကိုင်) ကျောင်း၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင် ပြင်ဦးလွင်မြို့ နိုင်ငံတကာအဆင့်မီ သုမင်္ဂလာ(ညံတော) ခေတ်မီဈေးသစ်ကြီးအား စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်  

ပြင်ဦးလွင်မြို့ရှိ နိုင်ငံတကာအဆင့်မီ သုမင်္ဂလာ(ညံတော) ခေတ်မီ ဈေးသစ်ကြီးအားစည်ကား သိုက်မြိုက်စွာဖြင့် အောင်မြင်စွာဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

မန္တလေးမြို့ မဟာမုနိဘုရားကြီး ရွှေထီးတော်အသစ် တင်လှူပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနား  အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် မဟာမုနိဘုရားကြီးနှင့် ဘုရား ကြီးပရဝဏ်အတွင်းရှိသာသနိက အဆောက်အအုံများ ထိခိုက်ပြိုကျပျက်စီး ဆုံးရှုံးခဲ့မှုဖြစ်ပေါ်ခဲ့၍ ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်ခြင်း များဆောင်ရွက်လျက်ရှိပြီး မဟာမုနိဘုရားကြီး ရွှေထီးတော်အသစ် တင်လှူပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့  ရုံးအစည်းအဝေးခန်းမတွင်ကျင်းပခဲ့သည်။

ချမ်းမြသာစည်မြို့နယ်၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုသတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဒီဇင်ဘာ ၃၁ ရက်နေ့ နံနက်ပိုင်းက အမှတ် (၃၁)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၂၄) အခြေခံ ပညာမူလတန်းလွန်ကျောင်းတို့တွင် ဖြန့်ဝေခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး