မန္တလေးတိုင်းဒေသကြီး

အောင်‌မြေသာစံမြို့နယ်၌ ရွေးကောက်ပွဲနေ့မတိုင်မီ  ခရီးဝေးတွင် တာဝန်များ ထမ်းဆောင်ကြမည့် ဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေး

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပသည့်နေ့နှင့် ယင်းနေ့မတိုင်မီ နိုင်ငံတော်တာဝန်များဖြင့် ခရီးဝေးသွားလာကြသည့် ဝန်ထမ်းများကြိုတင်ဆန္ဒမဲပေးခြင်းကို ဒီဇင်ဘာ၁၈ရက်ကစတင်၍ မန္တလေး၊‌အောင်‌မြေသာစံမြို့နယ် ဆောင်ရွက်ကြသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆောက်အဦလက်သမားနှင့် အုတ်စီလုပ်သားသင်တန်း သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဗဟိုသင်တန်းကျောင်းမှ နည်းပြဆရာ၊ ဆရာမများ၊ ကျွမ်းကျင်ပညာရှင်များပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆောက်အဦလက်သမားနှင့် အုတ်စီလုပ်သားသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး၊ လမ်းဦးစီးဌာနတွင် ကျင်းပခဲ့သည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)တွင် တက်ရောက်နေသော သင်တန်းသားသင်တန်းသူများ၏ အထူးနေ့လယ်စာစားပွဲ တက်ရောက်

မန္တလေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာသိပ္ပံ(မန္တလေး)တွင် တက်ရောက်နေသော ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှ သင်တန်းသားသင်တန်းသူများ နှင့် B.Sc Sport အားကစားပညာဘာသာရပ် သင်ကြားနေသော ကျောင်းသား ကျောင်းသူများ၏  အထူးနေ့လယ်စာ စားပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၈ ရက်နံနက်ပိုင်းက ချမ်းမြသာစည်မြို့နယ်၊ အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)ရှိ စားရိပ်သာတွင် ကျင်းပသည်။

မဟာအောင်မြေမြို့နယ် မြို့နယ်အားကစားကွင်း၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲ ကျင်းပ

‎‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် မြို့နယ်အားကစားကွင်း၌ (၇၈)နှစ်မြောက် လွတ်လပ်ရေး‌နေ့အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာ ၁၇ ရက်နေ့ မွန်းလွဲပိုင်းက စတင်ကျင်းပခဲ့သည်။

မြစ်သားမြို့နယ်တွင် ကျေးလက်လမ်းပြုပြင်ဆောင်ရွက်ပြီးစီး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ပိုမိုအဆင်ပြေစေရန်အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် Royal Bhone Myat Thu Co.,Ltd မှ တာဝန်ယူဆောင်ရွက်သည့် မြစ်သား-စံပါယ်တောလမ်းဖြစ်သည့် လမ်းအရှည် (၀/၂) မိုင် ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများကို ဒီဇင်ဘာ ၁၈ ရက် မွန်းလွဲပိုင်းက မြစ်သားမြို့နယ် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ကျောက်ဆည်မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ရိတ်သိမ်းခြွေလှေ့စက်ဖြင့် စပါးစိုက်တောင်သူများအား ဝန်ဆောင်မှုပေးလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ စပါးရိတ်သိမ်းရာသီတွင် စပါးစိုက်တောင်သူများ ရိတ်သိမ်းချိန်လွန်ပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ်စေရေး ရိတ်သိမ်းခြွေလှေ့စက်များဖြင့် စပါးစိုက် တောင်သူများ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

မန္တ‌လေးတက္ကသိုလ်၌ အမှတ် (၂) တက္ကသိုလ်လေ့ကျင့်ရေးတပ်၊ တက္ကသိုလ်လေ့ကျင့်ရေးတပ်အကြောင်း သိကောင်းစရာများ ဟောပြောပွဲကျင်းပ

‎‎မန္တ‌လေးတိုင်းဒေသကြီး၊ မန္တ‌လေးတက္ကသိုလ်၌ အမှတ် (၂) တက္ကသိုလ်လေ့ကျင့်ရေးတပ်၊ တက္ကသိုလ်လေ့ကျင့်ရေးတပ်အကြောင်း သိကောင်းစရာများ ဟောပြောပွဲကို မန္တလေးတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ဒီဇင်ဘာ ၁၇ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပသည်။

မြစ်သားမြို့နယ် ရွှေကြာအင်းကျေးရွာ၌ စိုက်ပျိုးထားသည့် စားဖိုဆောင်သီးနှံများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊    ကျောက်ဆည်ခရိုင်  မြစ်သားမြို့နယ်တွင် ဒေသခံတောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းအပြင်တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိသည့် စားဖိုဆောင်သုံး ဟင်းသီးဟင်းရွက် သီးပင်စားပင်များကို ရွှေကြာအင်းကျေးရွာ၌ တစ်ပိုင်တစ်နိုင်စိုက်ပျိုး အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။

ကျောက်ပန်းတောင်းမြို့ စံပြမူလတန်းလွန်ကျောင်း၌ အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသိပညာပေးလုပ်ငန်းများနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ၊ ဒီဇင်ဘာ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီက စံပြရပ်ကွက် မူလတန်းလွန်ကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေး အသိပညာပေး ဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းနှင့် စာဖတ်ဝိုင်းဖွဲ့ဆွေးနွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက်သင်တန်းဆင်းပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံတို့ ပူးပေါင်းဖွင့်လှစ်ခဲ့သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက်သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး