မန္တလေးတိုင်းဒေသကြီး

မြစ်သားမြို့နယ်တွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ (အခမဲ့) နယ်လှည့်ကွင်းဆင်း ကျန်းမာရေးကုသခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကျန်တောကျေးရွာအတွင်းရှိ ပြည်သူများကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာ ရေးဆရာမများနှင့် သားဖွားဆရာမများက(အခမဲ့) နယ်လှည့်ကွင်းဆင်း ကျန်းမာရေးကုသခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းများကို ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက် ၉ နာရီအချိန်က ကုသ‌ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

မြင်းခြံမြို့၌ အခြေခံစာကြည့်တိုက်ပညာသင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ အခြေခံစာကြည့်တိုက်ပညာသင်တန်းကို ယနေ့ နံနက် (၁၀) နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။

ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် အဖွဲ့ဝင်များ ကြိုတင်ဆန္ဒမဲပေးနေမှု ကြည့်ရှုအားပေး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ဒီဇင်ဘာ (၁၈)ရက်မှစ၍ ကြိုတင်ဆန္ဒမဲပေးခြင်းများ စတင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀)နာရီအချိန်က ကြိုတင်ဆန္ဒမဲပေးလျက်ရှိသည့် အမှတ်(၆)၊ တက်သိမ်းရပ်ကွက်သို့ ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် ကော်မတီဝင်များ သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

ပုသိမ်ကြီးမြို့နယ် အုန်းချောကျေးရွာရှိ ရန်ကင်းပျံကျဈေးတွင် မီးဘေးလုံခြုံရေး ဇာတ်တိုက်လေ့ကျင့်

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ဈေးများ မီးလောင်မှု၊ မီးလန့်မှု ကင်းဝေးစေရန် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်း၊ လက်တွေ့သရုပ်ပြငြှိမ်းသတ်ခြင်းနှင့် မီးသတ်ယာဉ်များဖြင့် ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၀)နာရီက အုန်းချောကျေးရွာရှိ "ရန်ကင်း(ပျံကျ)ဈေး"၌ ဆောင်ရွက်ရာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသန့် ဦးဆောင်၍ သန္ဓေ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ အုန်းချောဈေးတာဝန်ခံ၊ စေတနာမွန်လူမှုရေးအသင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများပူးပေါင်း၍ မီးဘေးလုံခြုံရေး ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ကြသည်။

ချမ်းအေးသာစံမြို့နယ်အတွင်းရှိ မဲရုံများ၌ ကြိုတင်ဆန္ဒမဲပေးနေမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှု

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလအတွက် ကြိုတင်ဆန္ဒမဲပေးနေမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ချမ်းအေးသာစံမြို့နယ်အတွင်းရှိ မဲရုံများသို့ ယနေ့နံနက်ပိုင်းတွင် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ်၌ တတိယအကြိမ်မဲစာရင်း ကပ်ထားရာတွင် မဲဆန္ဒရှင်စားရင်းများမှန်ကန်ရေး စိစစ်ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင်၊ တံတားဦးမြို့နယ်၌ တတိယအကြိမ် မဲစာရင်းကပ် ထားရာတွင်  မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေး စိစစ်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက တံတားဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဆောင်ရွက်ကြကြောင်းသိရသည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာအားကစားလ (တတိယအကြိမ်) လူထုစုပေါင်းလမ်းလျှောက်ပွဲ၌ လူဦးရေ (၅၀၀၀)ကျော် ပါဝင်ဆင်နွှဲ

တစ်မျိုးသားလုံး ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရေး၊ အမျိုးသားအားကစားအဆင့်အတန်း မြင့်မားစေရေးတို့အတွက် မန္တလေးတိုင်းဒေသကြီးတွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာအားကစားလ (တတိယအကြိမ်) လူထုစုပေါင်းလမ်းလျှောက်ပွဲကို မန္တလေးနန်းမြို့ရိုးနှင့် ကျုံးရေပြင်ကြား ရတနာပုံဥယျာဥ်၌ ယနေ့နံနက် (၆)နာရီက ကျင်းပခဲ့သည်။

မိတ္ထီလာမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်များ အသုံးပြုနည်း မွမ်းမံသင်တန်းဖွင့်   

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်များ အသုံးပြုနည်း မွမ်းမံသင်တန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

​​​​​​​ညောင်ဦးမြို့နယ်၌ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်းကို ဒီဇင်ဘာ ၁၉ ရက်၊ နံနက် ၁၀ နာရီက မဏိစည်သူဈေး၊ ဘုန်းစဉ်အခွန်လွတ်ဈေးနှင့် ရပ်ကွက်များအတွင်း ရောင်းချလျက်ရှိသော အင်္ဂလိပ်ဆေး၊ တိုင်းရင်းဆေးနှင့်စိုက်ပျိုးရေးဆေးဆိုင်များအား စစ်ဆေးခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၁၉ ရက်၊ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး