မန္တလေးတိုင်းဒေသကြီး

ကျောက်ဆည်မြို့နယ်၌ စားအုန်းဆီတစ်ပိဿာ ရည်ညွှန်းဈေး ငွေ ၇၂၃၀ ကျပ်ဖြင့် စားအုန်းဆီ ၂၅၅၄ ပိဿာ ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ စားအုန်းဆီတစ်ပိဿာ ရည်ညွှန်းဈေး ငွေ ၇၂၃၀ ကျပ်ဖြင့် ယမန့်နေ့နံနက်ပိုင်းကစတင်၍ ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းဝင် စားသုံးဆီအရောင်းဆိုင်များမှ စားအုန်းဆီ ၂၅၅၄ ပိသာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်၌ ဆောင်းနေကြာ ၁၂၅၄ ဧက စိုက်ပျိုးပြီးဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် နေရာဒေသအလိုက် ဆောင်းနေကြာသီးနှံများ စိုက်ပျိုးလျက်ရှိရာ ဇန်နဝါရီလကုန်အထိ ၁၂၅၄ ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။

ညောင်ဦးမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)သရုပ်ပြရှင်းလင်းခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်

မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့်မဲပေးစက် လက်တွေ့သရုပ်ပြမဲပေးခြင်းကို ဒီဇင်ဘာ ၁၈ ရက်၊နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(ညောင်ဦး)၊ပန်းမျိုးတစ်ရာခန်းမ၌ အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင်စိုက်ပျိုးထားသည့် ရေမွှေးပန်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ကင်းစိန်စျေးကျေးရွာအုပ်စု တကိုယ်တည်း ကွင်းအမှတ် ၄၈၆ ကွင်း၌ ရေမွှေးပန်းစိုက်၍ မိသားစု တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်းပြုလုပ်သူများ အဆင်ပြေလျက်ရှိ​ကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် သီးနှံများ ပန်းတိုင်အထွက်နှုန်းမ‌ကောင်းရခြင်းအ‌ကြောင်း စစ်တမ်း‌ကောက်ယူ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပန်းတိုင်အထွက်နှုန်း သတ်မှတ်ထားသည့် အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းမ‌ကောင်းရခြင်းအ‌ကြောင်းများ သိရှိနိုင်စေရန် ရည်ရွယ်၍ တောင်သူများထံ မြေပြင်ကွင်းဆင်းစိစစ်ချက် စစ်တမ်း‌ကောက်ယူခြင်းများကို ဒီဇင်ဘာ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့များတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သာစည်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာဟောပြောပွဲနှင့်လူငယ်စကားဝိုင်း ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတများရရှိစေရန်နှင့်ဗလငါးတန်နှင့်ပြည့်စုံပြီး လူအများရှေ့စကားပြောဆိုရာတွင် ရဲဝံ့စွာပြောဆိုဆွေးနွေးနိုင်သည့် အလေ့အကျင့်ကောင်းများ၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကို ဒီဇင်ဘာ ၁၇ ရက်က အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မီးရထားတွင် ကျင်းပပြုလုပ်ခဲ့သည်။

မန္တ‌လေးတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသမီး၊ အမျိုးသား ဘော်လီဘောပြိုင်ပွဲကျင်းပ

‎‎မန္တ‌လေးတက္ကသိုလ်၌ ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံအမျိုးသမီး၊ အမျိုးသား ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက Open Shed အားကစားရုံ၌ ကျင်းပသည်။

သာစည်မြို့နယ်၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ရပ်ကွက်/ကျေးရွာအုပ်စုပေါင်းစုံ အလွတ်တန်း(အမျိုးသား)ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနက ကျင်းပပြုလုပ်သော (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ရပ်ကွက်/ကျေးရွာအုပ်စုပေါင်းစုံ အလွတ်တန်း(အမျိုးသား)ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်လျက်ရှိရာ ဒီဇင်ဘာ ၁၇ ရက်ညနေက ရွာပုလဲကြီးကျေးရွာ(က)အသင်းနှင့်လှိုင်းတက် ကျေးရွာအသင်းတို့ယှဉ်ပြိုင်ကြရာ ရွာပုလဲကြီး(က)အသင်းက သုံးဂိုးပြတ်ဖြင့် အနိုင်ရရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့၌ သီးနှံများ အထွက်နှုန်းမကောင်းရခြင်းအကြောင်းများအား စစ်တမ်းကောက်ယူ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်၌ ပန်းတိုင်အထွက်နှုန်း သတ်မှတ်ထားသည့်သီးနှံများ ပန်းတိုင်ရည်မှန်းချက် အထွက်နှုန်းမကောင်းရခြင်း အကြောင်းအရာများ သိရှိစေရန်ရည်ရွယ်၍  ဒီဇင်ဘာ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့တို့တွင် ကျောက်ဆည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက တောင်သူများထံ မြေပြင်ကွင်းဆင်းစိစစ်ချက် စစ်တမ်းကောက်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ်၌ အသက်(၉)နှစ်မှ(၁၁)နှစ်အတွင်း (၁၂)နှစ်မပြည့်သေးသူ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာကာကွယ် ဆေး(HPV)ထိုးနှံပေး

ပျော်ဘွယ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ အသက်(၉)နှစ်မှ(၁၁)နှစ်အတွင်း၊အသက်(၁၂)နှစ် မပြည့်သေးသူ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV)ထိုးနှံခြင်းလုပ်ငန်းကို ဒီဇင်ဘာလ ၁၇ ရက်မှစတင်ကာ မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနရုံးတွင် စတင်ထိုးနှံပေးလျက်ရှိသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး