တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ် အသိပညာပေးဟောပြောပွဲပြုလုပ်
မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း(မန္တလေးတိုင်းဒေသကြီး)နှင့် တိုင်းရင်းဆေးပညာဦးစီးဌာန ကုတင်(၁၀၀)ဆံ့သင်ကြားရေးတိုင်းရင်းဆေးရုံကြီးတို့ ပူးပေါင်းစီစဉ်ကျင်းပသော တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် အသိပညာပေးဟောပြောပွဲ(၁/၂၀၂၆) အခမ်းအနားကို ဇန်နဝါရီလ ၂၉ ရက်၊ မွန်လွဲ ၂ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်ရှိ ကုတင်(၁၀၀)ဆံ့ သင်ကြားရေးတိုင်းရင်းဆေးရုံ(မန္တလေး)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။