မန္တလေးတိုင်းဒေသကြီး

သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV) အရှိန်အဟုန်မြှင့်ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ပြည်သူလူထုအခြေပြု ကျောင်းပြင်ပ အသက် (၉) နှစ်မှ (၁၂) နှစ် မကျော်သေးသည့်အမျိုးသမီးငယ်များ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV) အရှိန်အဟုန်မြှင့် ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၅ ရက်နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်၌ လူရည်ချွန်ရွေးချယ်စာမေးပွဲအတွက် ကိုယ်ကာယကြံ့ခိုင်ရေးနှင့် ယုံကြည်မှုစစ်ဆေးခြင်းများ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ ဘက်စုံထူးချွန်ထက်မြတ်‌‌သော ကျောင်းသား/ကျောင်းသူများ ပေါ်ထွန်းလာစေရန်၊ နိုင်ငံတော်အတွက် အကျိုးပြုနိုင်သော သားကောင်းရတနာ၊ သမီးကောင်းရတနာများ ပေါ်ပေါက်လာစေရေးတို့ကို ရည်ရွယ်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် (မြို့နယ်အဆင့်) လူရည်ချွန်ရွေးချယ်စာမေးပွဲများကို ဒီဇင်ဘာလ  ၃ ရက်နေ့မှ စတင်ကျင်းပခဲ့ရာ ဒီဇင်ဘာလ ၅ ရက် (၈) နာရီက ကိုယ်ကာယကြံ့ခိုင်ရေးနှင့် ယုံကြည်မှုစစ်ဆေးခြင်းများကို မြို့နယ်အားကစားကွင်းအတွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

မဟာအောင်မြေမြို့နယ်၌ အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာ‌ပေး ဟောပြောပွဲကျင်းပ

‎‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

မလှိုင်မြို့နယ်၌ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ “ဒို့အတူတူ မဲပေးကြမယ်” အသိပညာ​ပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊‌ ကျေးရွာအုပ်စုအလိုက် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်စေရေး အသိပညာပေးနှိုးဆော်သည့်၊ “ဒို့အတူတူ မဲပေးကြမယ်” လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ဒီဇင်ဘာ ၄ ရက်က လူစည်းကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ပြင်ဦးလွင်မြို့နယ်၌ ရွေးကောက်ပွဲတွင် ပြည်သူများပါဝင်မဲပေးနိုင်ရေးအတွက် ‌“ဒို့အတူတူမဲပေးကြမယ်” သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် အသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့်နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန် ဆန္ဒမဲပေးနိုင်ရေးအတွက် “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ရွေးကောက်ပွဲမှ သည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ မြေစိုက်ပိုစတာစိုက်ထူခြင်းတို့ကို ဒီဇင်ဘာ ၄ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီက ပြင်ဦးလွင်မြို့ရှိ လူစည်ကားရာ နေရာများတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။   

‎မဟာ‌အောင်မြေမြို့နယ်၌ ရွေးကောက်ပွဲတွင် ပြည်သူများပါဝင်မဲပေးနိုင်ရေးအတွက် ‌“ဒို့အတူတူမဲပေးကြမယ်” သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့်အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူ

‎မန္တလေးတိုင်းဒေသကြီး၊ မဟာ‌အောင်မြေမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့‎တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန် ဆန္ဒမဲပေးနိုင်ရေးအတွက် “ဒို့အတူတူ မဲပေးကြမယ်” အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့  မြေစိုက်ပိုစတာစိုက်ထူခြင်းတို့ကို ယမန်နေ့မွန်းလွဲပိုင်းက မဟာအောင်မြေမြို့နယ်ရှိ လူစည်ကားရာ နေရာများတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

မြစ်သားမြို့နယ်တွင် မဲစာရင်းမှန်ကန်စေရေးတစ်အိမ်တက်ဆင်း မဲစာရင်းများတိုက်ဆိုင်စိစစ်ခြင်း လုပ်ငန်းများအရှိန်အဟုန်မြှင့်ဆက်လက်ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ နိုင်ငံသားအခွင့်အရေးများမဆုံး‌ရှုံးစေရန်အတွက် မဲစာရင်းမှန်ကန်စေရေးတစ်အိမ်တက်ဆင်း (DoortoDoor)  မြေပြင်ကွင်းဆင်းစာရင်းတိုက်ဆိုင်စစ်ဆေး ဆောင်ရွက်ခြင်းကို ဒီဇင်ဘာ ၄ ရက်နေ့တွင် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  

ပြင်ဦးလွင်မြို့နယ် Flying Colours ကိုယ်ပိုင်အထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေး စာပေဟောပြောပွဲ ကျင်းပ

လူငယ်ကဏ္ဍကိုမြှင့်တင်စေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံ‌သော  လူငယ်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍  မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်ရေးရာ အသိပညာပေး စာပေဟောပြောပွဲကို ယနေ့‌မွန်းလွဲ(၁)နာရီက Flying Colours ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

အမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ်၌ ပါမောက္ခချုပ်နှင့် ကျောင်းသား၊ ကျောင်းသူများ တွေ့ဆုံပွဲ ကျင်းပ

အမရပူရမြို့နယ်ရှိ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ်တွင် ပါမောက္ခချုပ်နှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားနေသည့် ဘာသာရပ်အသီးသီးမှ စတုတ္ထနှစ်၊ ပဉ္စမနှစ်(ဥပဒေပညာ)၊ ဒုတိယနှစ်(ဂုဏ်ထူးတန်း) ကျောင်းသား၊ ကျောင်းသူများ တွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါတက္ကသိုလ်ရှိ အားကစားခန်းမ-၂ တွင် ကျင်းပပြုလုပ်ခဲ့သည်။

ပုသိမ်ကြီးမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ မှန်ကန်ပြည့်စုံနိုင်ရေး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ door to door ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ မနောယျမကျေးရွာအုပ်စုသို့ ယမန်နေ့နံနက် ၁၁ နာရီအချိန်က ကျေးရွာအုပ်စုအတွင်း နေထိုင်ကြသော ပြည်သူများ၏ မဲဆန္ဒရှင်စာရင်းများ မှန်ကန်ပြည့်စုံနိုင်ရေး တစ်အိမ်တက်ဆင်း door to door စနစ်ဖြင့် ကွင်းဆင်းစစ်ရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးမြင့်အောင်၊ အောင်မြေသာစံခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆွေ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်အေး၊ ပုသိမ်ကြီးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် ဦးကျော်မင်းထွန်းနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများဖြင့် ကွင်းဆင်းဆောင်ရွက်ကြသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး