ကော့ကရိတ်မြို့ ဇိနသုခလောကသရဖူစေတီတော်မြတ် သဟပုကာရီသာသနာ့ဗိမာန်တော်တွင် ပဋ္ဌာန်းသိမ်းအောင်ပွဲ ကျင်းပ
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် (၂၉)ကြိမ်မြောက် နေ့၊ ည အသံမစဲမဟာပဋ္ဌာန်းဒေသနာတော်ရွတ်ဖတ်ပူဇော်ပွဲ အောင်မြင်ခြင်း အထိမ်းအမှတ် ပဋ္ဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်း ဆန်စိမ်းလောင်းလှူပွဲကို ယနေ့ ညနေ ၁နာရီအချိန်က ကော့ကရိတ်မြို့ ကျက်သရေဆောင်ဖြစ်တော်မူသော ဇိနသုခ လောကသရဖူစေတီတော်မြတ် သဟပုကာရီသာသနာ့ဗိမာန်တော်၌ ကျင်းပခဲ့သည်။