ပွင့်ဖြူမြို့နယ်အတွင်း ကြိုးဝိုင်းကြိုးပြင် ကာကွယ်တော သတ်မှတ်နိုင်ရေး တာဝန်ရှိသူများအဖွဲ့ ကွင်းဆင်း ကြည့်ရှုစစ်ဆေး
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်နှင့် ရာသီဥတု အပူဒဏ် ကာကွယ်နိုင်ရေးအတွက် မြို့နယ်သစ်တောဦးစီးဌာနမှ မြောင်ဦးကြိုးဝိုင်း ကြိုးပြင်ကာကွယ်တော ဧက ၃၅၀၀ သတ်မှတ် ဖွဲ့စည်းဆောင်ရွက်နိုင်ရေး ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင် ဦးဆောင်သော ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။