မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ မုဒုံမြို့နယ်ရှိ တစ်မြောင်းတစ်ဘောင်စနစ် ဘက်စုံစိုက်ပျိုး မွေးမြူရေးခြံအား ကွင်းဆင်းကြည့်ရှု
မော်လမြိုင် မေ ၁၃
မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် ကောင်စီဝင်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများတို့သည် ယမန်နေ့မွန်းလွဲ ၁ နာရီက မုဒုံမြို့နယ် ဝက်တဲကျေးရွာ ကွင်းအမှတ် (၈၄၅-ခ) ကျိုက်ပက်အရှေ့ကွင်းတွင် တစ်မြောင်းတစ်ဘောင်စနစ် ဘက်စုံစိုက်ပျိုး မွေးမြူရေးခြံ ဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်း ကြည့်ရှုခဲ့သည်။
ရှေးဦးစွာ မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့အား စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဦးအောင်ဇော်နိုင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးတို့က တစ်မြောင်းတစ်ဘောင် စနစ် ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်၊ သီးနှံစို