ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ

ဟားခါး၌ လူမှုဝန်ထမ်းဦးစီးဌာန၏ MCCT အစီအစဉ်အရ ချင်းပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်များနှင့် မွေးစမှ(၂)နှစ်ထိ ကလေးများအား သုံးလစာစုပေါင်း ထောက်ပံ့ပေးအပ်

လူမှုဝန်ထမ်းဦးစီးဌာန၏ လူမှုကာကွယ် စောင့်ရှောက်ရေး အစီအစဉ်အရ ထောက်ပံ့ပေးသည့် ချင်းပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂) အောက်ကလေးများအား ငွေကြေးထောက်ပံ့ပေးမှု (Maternal and Child Cash Transfer-MCCT) ချင်းပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်များနှင့် မွေးစမှ(၂)နှစ် ထိကလေးများအား ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ်‌၏ ပထမသုံးလပတ်( အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)လများအတွက် ထောက်ပံ့ကြေးများ ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းတွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှတစ်ဆင့် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

မန့်ဟီးရိုးမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးပြည်သူ့စာကြည့်တိုက်၌ အသုံးပြုရန်အတွက် (Song Box)တစ်လုံးလှူဒါန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ရုံးပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးပြည်သူ့စာကြည့်တိုက်ခန်းမ၌ အသုံးပြုရန်အတွက် မန့်ဟီးရိုးနယ်မြေရဲစခန်း၊ စခန်းမှူးရဲအုပ် တင်အောင်စိုးနှင့် ဇနီးမောင်နှံတို့က ယနေ့ နံနက်(၁၀)နာရီအချိန်က Professional Pa Speaker(Song Box) တစ်လုံးပေးအပ်လှူဒါန်းသည်။

ပန်းတောင်းမြို့ နယ် ညောင်ကုန်းကျေးရွာတွင် Drum Seeder ဧက (၅၀)မျိုးစေ့ချ စက်ကိရိယာဖြင့် စိုက်ပျိုးပြသခြင်း ကွင်းသရုပ်ပြပွဲ

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပန်းတောင်းမြို့နယ် ညောင်ကုန်းကျေးရွာတွင် Drum Seeder ဧက (၅၀) မျိုးစေ့ချ စက်ကိရိယာဖြင့် စိုက်ပျိုးပြသခြင်း ကွင်းသရုပ်ပြပွဲ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ခရမ်းမြို့နယ်၌ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ခရမ်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ယမန်နေ့ နေ့လယ် ၃ နာရီက ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ နှစ်(၃၀)ပြည့် နှစ်ပတ်လည်နေ့ အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်း

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ နှစ်(၃၀)ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၆ နာရီခွဲတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ရုံးအမှတ်(၇) စုပေါင်း အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး (၁/၂၀၂၁) ဒုတိယနေ့ ကျင်းပ

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၂၁)(ဒုတိယနေ့) ကို ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် ဝန်ကြီးများ၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဦးလှသန်းတို့ တက်ရောက်ခဲ့ကြသည်။

နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု)ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မြိုင်ကြီးငူအထူး ဒေသ သစ္စာအေးမြိုင်ရွာ ကတ္တရာလမ်း(၆၀၀၀)ပေ ခင်းခြင်း ရာနှုန်းပြည့်ပြီးစီး

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု)ရန်ပုံငွေဖြင့် ဆောင်ရွက် သည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူ အထူးဒေသ ယခင်စစ်မှု ထမ်းဟောင်းရွာ(သစ္စာအေးမြိုင်)ရွာ ကတ္တရာလမ်း (၆၀၀၀)ပေ ခင်းခြင်းလုပ်ငန်းအား ခွင့်ပြုရန်ပုံငွေ ကျပ်(၁၉၀ ဒဿမ ၈၄၂)သန်းဖြင့် ငွေတောင်တန်း ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ ယနေ့နံနက်ပိုင်း က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချို၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစောချစ်ဦး၊ လှိုင်းဘွဲမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးရန်မျိုးအောင်နှင့် အဖွဲ့ဝင်များသည် ငွေတောင်တန်းကုမ္ပဏီမှ တာဝန်ရှိသူများနှင့်အတူ လုပ်ငန်းတစ်ခုလုံး၏ (၁၀၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှုအား သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

ချောင်းဆုံမြို့နယ် မရမ်းကျေးရွာတွင် သောက်သုံးရေဖူလုံစွာရရှိရေး ဆောင်ရွက်နေမှုအား ကွင်းဆင်း ကြည့်ရှု

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ ရေရှားပါးသည့် ကျေးရွာများတွင်ပြည်သူများ သောက်သုံးရေ လုံလောက်စွာရရှိစေရန်အတွက် ချောင်းဆုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀- ၂၀၂၁ ခု ဘဏ္ဏာရေးနှစ် ရန်ပုံငွေဖြင့် မရမ်းကျေးရွာ၌ စက်ရေတွင်းတူးဖော်ခြင်း၊ ရေစင်တည်ဆောက်ခြင်း နှင့် ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ယမန်နေ့ နံနက် က မွန်ပြည်နယ် (ကျေး/လက်)ဌာန ညွှန်ကြားရေးမှူး ဦးစိုးမောင် ၊ ခရိုင်ဦးစီးမှူး ဦးအေးနိုင် ၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်း မော် ၊ တာဝန်ခံအင်ဂျင်နီယာနှင့် ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

ဘားအံမြို့တွင် Green House နှင့် Demonstration Farm(၄)ဧကအား လွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့စိန်ဘန်အောက် ကျေးရွာအုပ်စုအတွင်းရှိ စိုက်ပျိုးရေး ဦးစီးဌာန၏ ကမော့ကပို မျိုးစေ့ခြံတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံနှင့် အစ္စရေးနိုင်ငံ ပူးပေါင်းဆောင်ရွက်သော Green House တည်ဆောက်ခြင်းနှင့် အစက်ချရေ ပေးစနစ် Demonstration Farm (၄) ဧက လွှဲပြောင်း ပေးအပ်ခြင်းကို ယမန်နေ့ နံနက်(၈)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်းသိရ သည်။
Subscribe to ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ