မိုးနဲမြို့နယ်တွင် မဲရုံများသို့ ကိုယ်တိုင်ကိုယ်ကျလာရောက်၍ မဲမပေးနိုင်သည့် မဲဆန္ဒရှင်ပြည်သူများအား အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲများ စတင်ကောက်ခံ
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကြီးတွင် မဲရုံများသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်၍ မဲမပေးနိုင်သည့် မဲဆန္ဒရှင်ပြည်သူများအား ဆန္ဒမဲပေး နိုင်မည့်အခွင့်အရေးများ မဆုံးရှုံးစေရေးအတွက် ကြိုတင်ဆန္ဒမဲများ ကောက်ခံခြင်းကို ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ် နောင်ကျော့ရပ်ကွက်တွင် ယနေ့နံနက်၈ နာရီအချိန်ကစတင်၍ ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ မဲရုံဝန်ထမ်းများက အိမ်တိုင်ရာရောက် ကွင်းဆင်းကောက် ယူလျက်ရှိကြောင်း သိရသည်။