ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ

မိုင်းရှူးမြို့၌ ညမထွက်ရအမိန့်ထုတ်ပြန်

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုဗစ်-၁၉သည် ကမ္ဘာတစ်ဝှမ်း ကူးစက်ပျံနှံ့ခဲ့ရာ မြန်မာနိုင်ငံတွင်လည်း ကူးစက်ပြန့်ပွား လျက်ရှိရာ မိုင်းရှူးမြို့နယ် အတွင်းရှိ ပြည်သူများ ရောဂါကူးစက် ခံရမှုမရှိစေရေး မိုင်းရှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၇ ရက်စွဲပါ ရုံးအမိန့်အမှတ် (၆/ ၂၀၂၀)ဖြင့် ညမထွက်ရ အမိန့် ထုတ်ပြန်ထားကြောင်း သိရ သည်။

ဘုတလင်မြို့နယ်၊ တောင်ကုန်း (အရှေ့) ကျေးရွာမှ ခိုင်းနွားတစ်ကောင်တွင် အရေပြား အကျိတ်ရောင်ရောဂါ သံသယဖြစ်ဖွယ် တွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ တောင်ကုန်းကျေးရွာအုပ်စု၊ တောင်ကုန်း(အရှေ့) ကျေးရွာမှ ခိုင်းနွားတစ်ကောင်တွင် အရေပြား အကျိတ်ရောင်ရောဂါ သံသယဖြစ်ဖွယ် တွေ့ရှိ ရကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာ ကျော်ကျော်လွင်က ပြောသည်။

မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ဆောင်းမြေပဲစိုက်ခင်းများတွင် တောင်သူပညာပေး ကွင်းဆင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်အတွင်း စိုက်ပျိုးထားသော ဆောင်း မြေပဲ သီးနှံ စိုက်ခင်းများ၌ ရောဂါပိုးမွှားကျရောက်မှု အခြေအနေနှင့် တောင်သူပညာပေးခြင်းများကို ယမန်နေ့က မကျီးပင်ကျေးရွာနှင့် ပိုက်သင်ကျေးရွာတို့တွင် မြို့နယ်စိုက်ပျိုးရေးဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တာမိုးညဲမြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ညမထွက်ရအမိန့်ထုတ်ပြန်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့၊ မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ကုသရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ညမထွက်ရ ရုံးအမိန့်အမှတ်၁၅/၂၀၂၀ကို ထုတ်ပြန် ထားကြောင်းသိရသည်။

ဖယ်ခုံမြို့နယ်၌ အခြေခံလူတန်းစားများအား စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကာလအတွင်း ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ မြို့ပေါ်ရပ်ကွက်များ၏ အုပ်ချုပ်ရေးမှူး ရုံးများတွင် ပေးအပ်လျက်ရှိကြောင်း သိရှိရသည်။

အလုံမြို့နယ်အ-ထ-က(၇) အသွားအလာကန့်သတ်စောင့်ကြည့်စင်တာ (Quarantine Centre) သို့ နေ့လယ်စာထမင်းဘူး(၁၀၀)လှူဒါန်း

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ-ထ-က(၇)အလုံ  အသွားအလာကန့်သတ် စောင့်ကြည့် နေရာရှိ အသွားအလာကန့်သတ်ထားသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ အတွက် ယမန်​နေ့က   ​နေ့လယ်စာအတွက်  ထမင်းဘူးများလာ​ရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

အလုံမြို့နယ်  သံ​​ဝေလူမှုကူညီရေးအသင်း သို့ လူနာတင်ယာဉ်တစ်စီးလာရောက်လှူဒါန်း

အလုံမြို့နယ်တွင်းပြည်သူများအတွက် ဆောင်ရွက်လျက်ရှိသော   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ၊ ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ရည်ရွယ်ကာ  ရန်ကုန် အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်၊ သံ​ဝေဂလူမှုကူညီရေး အသင်းသို့  ယနေ့၊ နံနက်ပိုင်းက  လူနာတင်ယာဉ် တစ်စီးလာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊နိုဝင်ဘာလ ၈ ရက် နေ့တွင်ကျင်းပပြုလုပ်မည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁ဝ နာရီခွဲခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ ၌ ကျင်းပပြုလုပ်ခဲ့သည်။

သံတောင်ကြီးမြို့နယ်တွင် အသက် ၆၀ နှစ် နှင့် အထက်ဘိုးဘွားများ နှင့် မသန်စွမ်းသူများအား အိမ်တိုင် ရာ အရောက်ကြိုတင်ဆန္ဒမဲပေးခြင်းများဆက်လက်ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ (၈) ရက်နေ့တွင်ကျင်းပပြုလုပ်မည်ဖြစ်ရာ အသက်(၆၀)နှစ် နှင့် အထက် ဘိုးဘွားများ နှင့် မသန်စွမ်းသူများအား ကြိုတင်ဆန္ဒမဲပေးနိုင်ရေး အတွက် အောက်တိုဘာ (၃၁) ရက်နေ့ မှ နိုဝင်ဘာ( ၅)ရက်နေ့အထိ အိမ်တိုင်ရာအရောက် သွားရောက်ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။

မိုးနဲမြို့နယ်၌ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း(NEP)ဖြင့် ကျေးရွာမီးလင်းရေး ဖွင့်ပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း(NEP)ဖြင့် နားခံကျေးရွာအုပ်စု၊ ပန်အူးကျေးရွာတွင် ကျေးရွာမီးလင်းရေး ဖွင့်ပွဲကို ယမန်နေ့ ညနေ ၅ နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ