ပျဉ်းမနားမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစာအိမ်ထောင်စုများအား တတိယအကြိမ်မြောက်ထောက်ပံ့ငွေများ ပေးအပ်ပြီး
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခဏခရိုင်၊ ပျဉ်မနားမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိ သော အခြေခံလူတန်းစားအိမ်ထောင်စုများအား ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်၊ တားဆီရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း နိုင်ငံတော်အစိုးက ထောက်ပံ့သည့် တတိယအကြိမ်မြောက်ထောက်ပံ့ငွေများကို စက်တင်ဘာ ၁၉ ရက်နေ့မှစတင်ပေးအပ်ခဲ့ရာ ယနေ့၊ မွန်းလွဲပိုင်းတွင် အိမ်တိုင်ရာရောက်ပေးအပ် ပြီးဖြစ်ကြောင်း သိရသည်။