ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ

ကျောက်တံတားမြို့နယ်တွင် သွေးလွန်တုပ်ကွေးကာကွယ်နှိမ်နင်းရေးလုပ်ငန်းကွင်းဆင်းဆောင်ရွက်​   

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ​ကျောက်တံတားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်ကျန်းမာ​ရေး ဌာနတို့ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက လမ်း(၄၀) အထက်ဘ​လောက်ရှိ​ နေအိမ်များသို့ တစ်အိမ်တက်ဆင်း သွားရောက်၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ၊ အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများ၊ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပန်းဘဲတန်းမြို့နယ်တွင် Covid-19 ရောဂါပိုးတွေ့ရှိလူနာများနှင့်အနီးကပ် ထိတွေ့မှုရှိ၊ မရှိ (Contact tracing) အရှိန်အဟုန်မြှင့်ကွင်းဆင်းရှာ ဖွေခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်

ပန်းဘဲတန်း စက်တင်ဘာလ ၉

ပန်းဘဲတန်းမြို့နယ်တွင် Covid-19 ရောဂါပိုးတွေ့ရှိလူနာများနှင့် အနီးကပ်ထိတွေ့မှုရှိ၊မရှိ (Contact tracing) အရှိန်အဟုန်မြှင့်ကွင်းဆင်း ရှာဖွေခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ခြင်းကို အမှတ်(၅)ရပ်ကွက်၊ (၂၈)လမ်းအထက်ရှိနေ အိမ်များတွင် ယမန်နေ့က စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

တိုက်ကြီးမြို့နယ်တွင် ကျန်းမာရေးစစ်ဆေးခြင်းများကို အိမ်တိုင်ရာရောက်ကွင်းဆင်းစစ်ဆေး

လက်တလောဖြစ်ပွားနေသော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) ကူးစက်ပျံ့နှံ့မှုကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်း ခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာနေ ပြည်သူများအား ကျန်းမာရေးစစ်ဆေး ဆောင်ရွက်ခြင်း၊ ကိုဗစ်-၁၉ ရောဂါနှင့်ပက်သက်၍ အသိပညာ ပေးခြင်း လုပ်ငန်းများကို ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ၏ ညွှန်ကြားချက်ဖြင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

ဟိုပန်မြို့၌ မပြင်းထန်သော ငှက်ဖျားရောဂါ(PV) ကြိုတင်ကာကွယ်ရေးအတွက် ကျေးရွာများတွင် ရွာလုံးကျွတ် သွေးဖောက်စစ်ဆေးခြင်းနှင့် ဆေးရည်စိမ်ခြင်ထောင်များပေးအပ်

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်ခရိုင်၊မြို့ပန်မြို့၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှ ဒေါက်တာအုန်းဝင်းဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများနှင့် (NGO)စေတနာ့ ဝန်ထမ်းများက ပုံမှန်ထက်ပိုဖြစ်သည့် မပြင်းထန်သော (PV)ငှက်ဖျားရောဂါကြိုတင်ကာကွယ်ရန် ကျေးရွာများတွင် ရွာလုံးကျွတ် သွေးဖောက်စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၉) နာရီအချိန်က ရုံးကုန်း ရပ်ကွက်၊ အခြေခံမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။

ကျုံပျော်တွင် Mask မတပ်ဆင်သူများအား ယခုဝယ် ယခုတပ်စနစ်ဆောင်ရွက်

လက်ရှိဖြစ်ပွားလျှက်ရှိ​သော ကိုဗစ်-၁၉ ​ရောဂါ ကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် ဧရာဝတီ တိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် Mask မတပ်ဆင်သူများအား ယခုဝယ် ယခုတပ် စနစ်ဖြင့် စတင်ဆောင်ရွက်ခြင်းကို သြဂုတ် ၃၀ ရက် နံနက်က စတင်ပြုလုပ်ခဲ့​သည်။

လပွတ္တာ၌ စပါးစိုက်ခင်းများအတွင်း ငါးမျိုးစိုက်ထည့်ခြင်း လုပ်ငန်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာ ခရိုင် လပွတ္တာ မြို့နယ်တွင် ငါးလုပ်ငန်းဦးဌာနမှ လပွတ္တာ မြောင်းမြ ကားလမ်းဘေးရှိ နည်းပညာပြန့်ပွားရေးစင်တာ မျိုးသန့်ထုတ် စံပြစိုက်ခင်း လယ်ကွင်းများအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့နံနက် (၉)နာရီ အချိန်က ကျင်းပခဲ့သည်။

ဒိုက်ဦးမြို့နယ် Covid -19 ကာကွယ်ထိန်းချုပ်ရေး ကော်မတီ မှဦးဆောင်၍ Mask များအခမဲ့ဝေငှ

Covid -19 ကာကွယ်ထိန်းချုပ်ရေး ကော်မတီမှ ဦးဆောင်၍ mask များ ဝေငှခြင်းကို သြဂုတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းက ဒိုက်ဦးမြို့ ၊ စည်ပင်သာယာမြို့မဈေးကြီး ရှေ့၌ ပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းသူဝင်းနှင့် ဝန်ထမ်းများ ၊ ဒိုက်ဦးမြို့နယ် ရဲတပ်ဖွဲ့ များ ၊မီးသတ်တပ်ဖွဲ့ဝင်များ ၊ NGO များ တက္ကသိုလ် ကျောင်းသား/ကျောင်းသူစေတနာရှင်အဖွဲ့များ ပူးပေါင်း ၍ ခရီးသွားပြည်သူများ ၊ ဈေးရောင်း ဈေးဝယ်သူများအား mask အခု(၁၀၀၀) ခန့်အခမဲ့ဖြန့်ဝေပေးခြင်းပညာပေးဟောပြောခြင်း များဆောင်ရွက်ခဲ့သည်။

လသာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ချက်များအား ရပ်ကွက်များအတွင်း ညစဉ်လှည့်လည်ကြေညာပေးလျက်ရှိ

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရခြင်းမှ ကာကွယ်နိုင်စေရန် အတွက် အသိပညာပေးခြင်း နှိုးဆော်ချက်များအား မြို့နယ်အတွင်းရှိ ရပ်ကွက် များတွင် ညစဉ်လှည့်လည် ကြေညာပေး ခြင်းများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်း၏ ကြီးကြပ်မှုဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆောင်ရွက်ပေးလျက် ရှိသည်။

အင်ဂျန်းယန်မြို့၌ မဲဆန္ဒရှင်စာရင်းများ ထည့်သွင်း၊ ပယ်ဖျက်၊ ပြင်ဆင်ခြင်းများ စိစစ်ဆောင်ရွက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်၏ ၂၀၂၀ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲစာရင်းကြေညာထားမှုအပေါ် မဲဆန္ဒရှင်များ၏ ပုံစံ(၃)ဖြင့် တောင်းဆိုမှု၊ ပုံစံ(၄)ဖြင့်ကန့်ကွက်မှု၊ ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာ တင်သွင်းမှုများကို မြို့နယ်မဲစာရင်းစိစစ်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ စိစစ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ကော့ကရိတ်မြို့နယ်တွင် နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှု Mask Campaign ပြုလုပ်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ကိုဗစ် -၁၉ ကူးစက်ရောဂါအား ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရေးအတွက် နှာခေါင်းစည်းတပ်ဆင်ရေး လှုပ်ရှားမှု Mask Campaign အဖြစ် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က အမှတ် ၃ ရပ်ကွက် မြို့မရဲစခန်းလမ်းထောင့်တွင် ပြုလုပ်ခဲ့သည်။
Subscribe to ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ