ဗိုလ်တထောင်မြို့နယ်၌ ဝန်ထမ်းစာဖတ်ဝိုင်းကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community-Centre ခန်းမတွင် ယနေ့ နံနက် (၁၁) နာရီအချိန်က ဝန်ထမ်းစာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။