အမြို့မြို့အနယ်နယ်သတင်းများ

မြစ်သားမြို့နယ်၌ ကာကွယ်ဆေးထိုးလွှမ်းခြုံမှုပိုမို မြင့်မားစေရေးနှင့်  လုပ်ငန်းညှိနှိုင်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တွင် ကာကွယ်ဆေးထိုးလွှမ်းခြုံမှုပိုမိုမြင့်မားစေ ရေးနှင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးခြင်းနှင့်လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးအခမ်းအနားကို ဖေဖော်ဝါရီ ၃ ရက် နံနက် ၁၀ နာရီက ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအ‌ဝေးခန်းမ၌ ကျင်းပသည်။

ကျောက်ဆည်မြို့နယ်တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

ကျောက်ဆည်မြို့နယ်၌ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိရေး၊ ဥပဒေနှင့်အညီထုတ်လုပ်နိုင်ရေး စစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကျောက်ဆည်မြို့နယ်အတွင်းရှိ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချမှုရှိရေး၊ ဥပဒေနှင့်အညီ ထုတ်လုပ်ရေး စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကျောက်ဆည်မြို့နယ်အတွင်းရှိ စားသောက်ကုန် ထုတ်လုပ်သည့် လုပ်ငန်းများသို့ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မတ္တရာ၊ စဉ့်ကူးနှင့် သပိတ်ကျင်းမြို့နယ်များမှ  မွေးကင်းစကလေးနှင့် ကိုယ်ဝန်ဆောင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ 

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဆေးရုံအခြေပြု အသက်၂နှစ်အောက် ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး မြို့နယ်ဆရာဝန်ကြီး၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများမှ ဖေဖော်ဝါရီ ၂ ရက်နှင့် ၃ ရက်တို့တွင်  ထိုးနှံပေးခဲ့ရာ မတ္တရာ၊ စဉ့်ကူးနှင့် သပိတ်ကျင်းမြို့နယ်များမှ ကလေးငယ် ၈၉၂ ဦးနှင့် ကိုယ်ဝန်ဆောင် ၁၁၃ ဦးတို့ လာရောက် ထိုးနှံခဲ့ကြောင်းသိရသည်။

မိတ္ထီလာမြို့နယ်၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို  တက္ကသိုလ်အဆင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို   တက္ကသိုလ်အဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ဖေဖော်ဝါရီ ၄ ရက် နံနက် ၉ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထူအခြေပြုဗဟိုဌာနတွင် ကျင်းပသည်။

ဝမ်းတွင်းမြို့နယ်၌  ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေး ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးရေး   လုပ်ငန်းညှိနှိုင်း

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်၌ ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၄ ရက် နံနက် ၉နာရီခွဲက  ပြည်သူ့ဆေးရုံးအစည်းအဝေးခန်းမတွင် ကျင်းပသည်။

ကျောက်ဆည်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာဖတ်စွမ်းရည်နှင့်ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက ၂၀၂၆ ခုနှစ်တွင် ကျရောက်မည့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအဖြစ် စာဖတ်စွမ်းရည်နှင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပသည်။

ချမ်းအေးသာစံမြို့နယ်၌ မီးခိုးမြူငွေ့နှင့်လေထုညစ်ညမ်းမှုလျော့နည်းစေရေး အသိပညာပေး 

မီးခိုးမြူငွေ့နှင့်လေထုညစ်ညမ်းမှုလျော့နည်းစေရေးအသိပညာပေးဟောပြောပွဲကို ချမ်းအေးသာစံမြို့နယ် ချမ်းအေးငွေစုငွေချေးသမဝါယမအသင်းလိမီတက် အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းက ကျင်းပသည်။

ကော့ကရိတ်မြို့၌ ရွေးကောက်ပွဲအောင်မြင်စွာကျင်ပနိုင်ရေး ပူးပေါင်းဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ပြု 

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ယမန်နေ့မွှန်းလွဲပိုင်းက အမှတ်(၃)ရပ်ကွက် မိုးလုံလေလုံမြို့မအားကစားရုံး၌ ကျင်းပသည်။

သထုံမြို့နယ်၌ (၇၉) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်၏ (၇၉)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျို‌က္ကော်ရပ်ကွက် တမံကြီးရှိ သုခါရာမ(မွန်)ကျောင်း၌ ဖေဖော်ဝါရီလ  ၂ ရက် နံနက်က ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ