ဝေးလံခေါင်ဖျားဒေသသတင်းများ

ပန်ဝါမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ပန်ဝါမြို့၌ မြို့ပေါ်ရပ်ကွက် (၃)ရပ်ကွက်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂) အောက် ကလေးငယ်များအား ပုံမှန်ကာကွယ် ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်မှစ၍ ပန်ဝါမြို့ ပြည်သူ့ဆေးရုံး၌ ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် မြစိမ်းရောင်ရန်ပုံငွေ သတ်မှတ်ကာလအတွင်း ပြန်လည်ပေးသွင်းနိုင်ရေး ကွင်းဆင်းအသိပေးနှိုးဆော်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး  တိုးတက်ရေး ဦးစီးဌာနက မြစိမ်းရောင်ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော ကျောက်စု၊ နမ့်ပိန်းလင်၊ မယ်ဆည်နမ်၊ နမ့်ဟူးကျေးရွာများ၌

မယ်စဲ့မြို့နယ်တွင် Website TV (Online Media) ရိုက်ကူးထုတ်လွှင့်ရန်အတွက် အထောက်အကူပြု ပစ္စည်းပေးအပ်လှူဒါန်း

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနက Online Media ဖြင့် အသိပညာပေးလုပ်ငန်းများကို ရိုက်ကူး ထုတ်လွှင့် လျက်ရှိရာ Website TV ရိုက်ကူးရာတွင် အသုံးပြုရန်အတွက် အထောက်အကူပြု ပစ္စည်းကို ယမန်နေ့နံနက်က မယ်စဲ့မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre သို့ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ရှင်ဗွေယန်မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့၌ ကိုဗစ်၁၉ - ရောဂါ ကြိုတင်၊ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများကို မြို့အဝင်/ထွက် စည်ပင်သာယာစျေးရှေ့ ပူးပေါင်းစစ်ဆေးဂိတ်တွင် နံနက် ၉ နာရီမှ ည ၉ နာရီထိ နေ့စဉ်အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ချင်းရွှေဟော်မှနေရပ်ပြန်ပြည်သူ လေးဉီးအား သက်ဆိုင်ရာဒေသများသို့ ထပ်မံလွှဲပြောင်းပို့ဆောင်

ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီက ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် စနစ်တကျ စီစဉ်လွှဲပြောင်းပို့ဆောင် ပေးလျက်ရှိရာ အောက်တိုဘာလ(၁၀)ရက် နေ့က(၂)ဉီး၊ ယမန်နေ့ ညနေ(၅)နာရီအချိန်က(၂)ဉီး စုစုပေါင်း နေရပ်ပြန် ပြည်သူ(၄)ဉီးအား ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့သည်။

မိုင်းငေါ့မြို့ကွန်ကောက်ကျေးရွာ၌ စီမံချက်ဝန်ထမ်းများဦးဆောင်သော မိခင်ခေါင်းဆောင်အစည်းအဝေး ဆွေးနွေးပွဲ ကျင်းပပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ကွန်ကောက်ကျေး ရွာတွင် စီမံချက်ဝန်ထမ်းများ ဦးဆောင်သော မိခင်ခေါင်းဆောင်အစည်းအဝေး ဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၉) နာရီအချိန်ခန့်က မိုင်းငေါ့ မြို့ကွန်ကောက်ကျေးရွာ အောင်သုခဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ဟိုပန်၌ မိုင်းအန္တရာယ်အသိပညာပေးခြင်းနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေး ကွင်းဆင်းဆောင်ရွက်

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၌ မိုင်းအန္တရာယ်အသိပညာ ပေးခြင်းနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းတို့ကို မြို့နယ်ကြက်ခြေနီအသင်း ဥကဋ္ဌ ဦးသိန်းဝင်းနှင့် တပ်ခွဲမှူးဒေါ်နန်းခမ်းပန်တို့က ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က ဟိုပန်မြို့ စင်ကျိုင်းကျေးရွာနှင့်မတ်ဝမ်ကျေးရွာတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ကုန်တင်ယာဉ်ပေါ်ရှိ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့အား Test Kit ဖြင့်စစ်ဆေးသည့် စစ်ဆေးခ ကျပ် (၁၀,၀၀၀) သတ်မှတ် ကောက်ခံသွားမည်

စစ်ကိုင်းတိုင်းနယ်စပ် ကချင်ပြည်နယ်အဝင် နန့်စီးအောင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် စက်တင်ဘာ ၉ ရက်နေ့ နံနက်ပိုင်းမှစ၍ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များတွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိကို covid antigen rapid test kit ဖြင့် စစ်ဆေးခဲ့ရာ ကျန်းမာရေးစစ်ဆေးခအနေဖြင့် (၁) ဦးလျှင် ကျပ် (၂၀၀၀၀) ကောက်ခံခဲ့ရာမှ စက်တင်ဘာလ ၁၂ ရက်နေ့ ယနေ့မှစ၍ (၁) ဦးလျှင်ကျပ် (၁၀၀၀၀) သာ သတ်မှတ်ကောက်ခံ သွားမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းဦးက အတည်ပြုပြောကြားသည်။

မတူပီမြို့နယ်အတွင်း အသွားအလာကန့်သတ် စောင့်ကြည့်ရေးစခန်း၌ ၁၄ ရက်ပြည့်သူ(၈)ဦးအား Swab နမူနာ စစ်ဆေးခဲ့ပြီး ရောဂါပိုး မရှိသဖြင့် ပြန်လည် စေလွှတ်

ချင်းပြည်နယ်၊ ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်ရေး ကော်မတီ၏ လမ်းညွှန်မှုနှင့်အတူ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်များ နှင့်အညီ မတူပီမြို့နယ်အတွင်း ပြည်တွင်းမှ ပြန်လည် ရောက်ရှိလာပြီး အသွားအလာကန့်သတ် စောင့်ကြည့်ရေးစခန်း၌ ၁၄ ရက်ပြည့်သူ ၈ ဦးအား ရောဂါပိုး မတွေ့ရှိရ သဖြင့် ယမန်နေ့ ညနေ ၄ နာရီအချိန်က မြို့နယ် ကိုဗစ်−၁၉ကာကွယ်၊ ထိန်းချုပ်ရေး ကော်မတီဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ က ပြန်လည် စေလွှတ် ခဲ့ကြောင်း သိရသည်။

ဟားခါးမြို့၊ စျေးသစ်ရပ်ကွက်၌ TV ဖွင့်ထားရာမှ ပလပ်ခေါင်းအပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွား

ချင်းပြည်နယ်၊ ဟားခါးမြို့၊ စျေးသစ်ရပ်ကွက်၌ အိမ်ရှင် ဆရာငွန်လျန် (အထက်တန်းပြ ကျောင်းဆရာအငြိမ်းစား) အိမ်ငှား ဒေါ်ရွှေသင်း အသက် (၄၅) နှစ် ၊ နေအိမ် ပေ ၂၆ ပေ ၁၆ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း (၂) ထပ် နေအိမ်အပေါ်ထပ်တွင် TV ဖွင့်ထားရာမှ ပလပ်ခေါင်း အပူလွန်ကဲပြီး ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ