ဝေးလံခေါင်ဖျားဒေသသတင်းများ

မိုင်းယန်းမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ မဲစာရင်းအသိပညာပေး ပိုစတာများနှင့် လက်ကမ်းစာ စောင်များ အခမဲ့ဖြန့်ဝေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင် မိုင်းယန်းမြို့နယ်တွင် ရွေး‌ကောက်ပွဲဆိုင်ရာ မဲစာရင်း အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့ နံနက် ၆ နာရီအချိန်က မြို့မဈေး၌ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျီခါးမြို့၌ နေရပ်ပြန် (၅)ဦးအား အသွားအလာကန့်သတ်ပြီး ကျန်းမာရေးစောင့်ကြည့် ဆောင်ရွက်

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့၌ အိန္ဒိယနိုင်ငံသို့သွားရောက် အလုပ်လုပ်ကိုင်ပြီး နေရပ်ပြန်လာသူများ မြန်မာ -အိန္ဒိယနယ်စပ် ခင်မန်းဂိတ်မှတစ်ဆင့် ပုံမှန်၀င်ရောက်လျက်ရှိရာ ယမန်နေ့ ညနေ ၄ နာရီ အချိန်က နေရပ်ပြန်(၅)ဦး ကျီခါးမြို့သို့ ထပ်မံ၀င်ရောက်လာကြောင်း သိရသည်။

မတူပီမြို့နယ်တွင် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲ သင်တန်းသား(၁၆၇)ဦးနှင့် သင်တန်း နည်းပြများကို (RDT) Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေး

ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့တွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက် သွားမည့် အထူးရဲ သင်တန်းသားများနှင့် နည်းပြများကို ကိုဗစ်−၁၉ ရောဂါပိုး ရှိ/မရှိ ကိုဗစ်-၁၉ Antibody(RDT) Test Kit များဖြင့် စစ်ဆေးခြင်းအား အောက်တိုဘာလ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့တွင် အထက(၁) ကျောင်းတွင် ဆောင်ရွက် စစ်ဆေးခဲ့သည်။

ကွန်ဟိန်းမြို့၌ ကုန်စည်စီးဆင်းမှုပြတ်တောက်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့၌ ကုန်စည်စီးဆင်းမှုပြတ်တောက်မှု မရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ယနေ နံနက် ၉ နာရီအချိန်ခန့်က လိုက်ကမ်ကျေးရွာအုပ်စု၊ နမ့်ဟိုင်းကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ် ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်းမှ အသင်းဝင်များ၏ တက္ကသိုလ်ဝင် တန်းအောင် သားသမီးများအား ပညာသင်ထောက်ပံ့ငွေပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်းမှ အသင်းသူ၊ အသင်းသားများ၏ တက္ကသိုလ်ဝင်တန်းအောင် သားသမီးများအား ပညာသင်ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက သမဝါယမဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။

ပန်ဆိုင်း(ကြူကုတ်) မြို့၌ ငွေစုငွေချေး သမဝါယမအသင်းလီမိတက်မှ အသင်းသားများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ အစိုးရဝန်ထမ်းပေါင်းစုံငွေစု ငွေချေးသမဝါယမ အသင်း လီမိတက်မှ ပန်ဆိုင်း(ကြူကုတ်)မြို့ရှိ အမှုဆောင်များနှင့် အသင်းသားများအား ကိုဗစ်-၁၉ ကာလ အတွင်း အခြေခံ စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပန်ဆိုင်း(ကြူကုတ်)မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ထောက်ပံ့ ပေးအပ်ခဲ့သည်။

ဟားခါးမြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်းတွင် မဲပေးပိုင်ခွင့်ရှိသူတိုင်း၏ အမည်ပါဝင်မှု ရှိ၊မရှိ သိရှိနိုင်စေရေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ နံရံကပ်ပိုစတာပြသခြင်းများ ဆောင်ရွက်

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပေးပို့သည့် မဲဆန္ဒရှင်စာရင်းတွင် မဲပေးပိုင်ခွင့်ရှိသူတိုင်း၏ အမည်ပါဝင်မှု ရှိ၊မရှိ သိရှိနိုင်စေရေး လက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဟားခါးမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတို့ ပူးပေါင်း၍ အောက်တိုဘာလ ၉ ရက်နေ့က ဟားခါးခရိုင်ရုံး အနေဖြင့် နံရံကပ်ပိုစတာများပြသခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ဖြင့် ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။

မင်းတပ်မြို့၌ Quarantine ​နေထိုင်သူများ၏ မဲပေးပိုင်ခွင့်ဆုံးရှုံးမှုမရှိစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မင်းတပ်မြို့ရှိ Quarantine Center များတွင် အသွားအလာကန့်သတ်စောင့်ကြည့်မှု ခံယူသည့် ပြည်သူများ၏ ဆန္ဒမဲပေးပိုင်ခွင့် ဆုံးရှုံးမှုမရှိစေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး၌ ကျင်းပခဲ့သည်။

ဟားခါးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လစဉ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

၂၀၂၀ပြည့်နှစ် ၊ နိုဝင်ဘာ(၈)ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ အတွက် ဟားခါးမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ လစဉ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ဟားခါးမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာဟားခါးမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးထလာကီးယိုလျန်က ၂၀၂၀ပြည့်နှစ်အထွေထွေရွေးကောက်ပွဲ ကျင်းပရန် နီးကပ်လာပြီဖြစ်၍ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်များအနေဖြင့် ဝိုင်းဝန်း ပူးပေါင်းကူညီ ဆောင်ရွက်မှသာ အောင်မြင်မည် ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။

ရွှေကူမြို့နယ် မီးသတ်ဦးစီးဌာနမှ ကိုဗစ်−၁၉ရောဂါ အသိပညာပေးဆောင်ရွက်ခြင်းနှင့် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေ

ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ် မီးသတ်ဦးစီးဌာနမှ ပြည်သူများအား ကိုဗစ်−၁၉ ရောဂါကူးစက်ခြင်းမှ ကာကွယ်နိုင်ရန်အတွက် ရည်ရွယ်၍ အောက်တိုဘာလ ၉ ရက် ၊ နံနက် ၉ နာရီအချိန်တွင် လူစည်ကားရာဖြစ်သော လမ်းဆုံနေရာ၌ နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ