တွန်းဇံမြို့၌ မဲရုံလုံခြုံရေးများ ဆောင်ရွက်ရန် အထူးရဲသင်တန်းဖွင့်လှစ်
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးအဖြစ် ဆောင်ရွက်ရန်အတွက် အထူးရဲများအား သင်တန်း ဖွင့်လှစ်ပို့ချခြင်းကို ယနေ့ နံနက်(၇)နာရီအချိန်တွင် တွန်းဇံမြို့ အခြေခံပညာ အထက်တန်း ကျောင်းခန်းမ၌ ကျင်းပသည်။