နောင်မွန်မြို့နယ်၌ ဒုတိယအကြိမ် မဲဆန္ဒရှင်အမည်စာရင်း ကြေညာကပ်ထား
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ယမန်နေ့ နံနက် ၇ နာရီမှ စ၍ဒုတိယအကြိမ် မဲဆန္ဒရှင်အမည် စာရင်းများကို ကြေညာကပ်ထားကြောင်း သိရသည်။