လမ်းဘေးမြေစာပြိုကျမှု ဆက်လက်ဖြစ်ပွားခြင်းကြောင့် ချီဖွေ - ပန်ဝါသွား ကားလမ်း ယာယီပြတ်တောက်
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေ- ပန်ဝါသွားကားလမ်း ချီဖွေမြို့မှ (၃) မိုင်နှင့် (၉) မိုင်ခန့် အကွာ တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စက်တင်ဘာလ (၂၇) ရက်နေ့ နံနက် (၁၀) နာရီအချိန်က လမ်းဘေးမြေစာများ ပြိုကျမှု ဆက်လက်ဖြစ်ပွားခဲ့ရာမှ ချီဖွေ- ပန်ဝါလမ်း ယာယီပြတ်တောက်မှု ထပ်မံ ဖြစ်ပွားခဲ့ကြောင်း သိရသည်။