ချင်းပြည်နယ် ဟားခါးမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး ကုန်စုံဆိုင်များ၊ စားသောက်ဆိုင်နှင့် လ္ဘက်ရည်ဆိုင်များ ကွင်းဆင်းစစ်ဆေး
ချင်းပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့သည် ဟားခါးမြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များ၊ စားသောက်ဆိုင်နှင့် လ္ဘက်ရည်ဆိုင်များတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် လမ်းညွှန်ချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ဟားခါးမြို့ပေါ် ရပ်ကွက်များတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။