ကိုဗစ်- ၁၉ရောဂါဖြစ်ပွားရာနေရာများသို့ သွားရောက်တာဝန်ထမ်းဆောင်မည့် ကျန်းမာရေးဝန်ထမ်းများ အား ဂုဏ်ပြုထောက်ပံ့ငွေပေးအပ်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီး မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းအတွက် ကိုဗစ်-၁၉ ဖြစ်ပွားရာနေရာများသို့သွား ရောက်တာဝန်ထမ်းဆောင်မည့် ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြု ထောက်ပံ့ ငွေ ကို စက်တင်ဘာလ ၂၆ ရက် မွန်းလွဲ (၂)နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၊အစည်းအဝေးခန်း၌ ပေးအပ်ခဲ့သည်။